Part 10 (Uni/Z)

24.8K 828 19
                                        

     အပိုင်း - (၁၀)

     ဇာတ်ညွှန်းဖတ်နေသည့် မြူကို စိုင်းသူရက ကော်ဖီဘူးလေးကမ်းပေးလိုက်သည်။ မြူက မော့ကြည့်ပြီး လှမ်းယူလိုက်သော်လည်း အရင်လိုတော့ ချက်ချင်းဖောက်မသောက်ပေ။ ဘေးနားတွင်ချထားလိုက်လေ၏။

     စိုင်းသူရ မြူ၏ ရှေ့တွင်ဝင်ထိုင်လိုက်သည့်အခါ မြူက တစ်ချက်သာမော့ကြည့်ပြီး မျက်လွှာချသွားလေသည်။

     စိုင်းသူရနှင့် မြူက Z Studio ရှိ အပန်းဖြေပန်းခြံလေးထဲတွင် ရောက်ရှိနေကြခြင်းဖြစ်သည်။ ပန်းခြံလေးထဲတွင် စားပွဲဝိုင်းလေးများနှင့် ထိုင်ခုံလေးများရှိပြီး ဒန်းလေးများ၊ ပန်းပင်လေးများထားရှိသည်။ ရေတံခွန်အတုလေးနှင့် မြူကြိုက်တတ်သည့် Cattleya Orchid များလည်း စိုက်ပျိုးထားရှိ၏။ တစ်ဖက်တွင်တော့ ရေကူးကန်ရှိပြီး မြက်ခင်းပြင်အကျယ်ကြီးလည်း ရှိလေသည်။

     စိုင်းသူရ သက်ပြင်းချရင်း စကားစလိုက်သည်။

     "ကိုယ်... မနေ့ကကိစ္စအတွက် ... တောင်းပန်ပါတယ် မြူ"

     စိုင်းသူရက မြူ၏လက်ကို ဆွဲယူလိုက်သည့်အခါ မြူက လက်ကို ချက်ချင်းပြန်ရုတ်သွားလေ၏။

     "............................"

     "မြူ.."

     အတန်ကြာ တိတ်ဆိတ်နေသည့် မြူ။ ပြီးမှ အသံတိုးတိုးလေး ထွက်လာသည်။

     "မြူ တစ်ယောက်တည်းနေချင်လို့.. ရမလား ကိုစိုင်း"

     "မြူ.. ကိုယ် တကယ်တောင်းပန်ပါတယ်ကွာ.. ကိုယ်မနေ့က စိတ်လွတ်နေလို့ပါ.. ပြီးတော့ ကိုယ် မြူကို ဆုံးရှုံးရမှာ ကြောက်လို့ပါ.. ကိုယ်.. မနေ့ကလေ.."

     "မြူက တန်ဖိုးထားခံရဖို့ မထိုက်တန်ဘူးလား.. ဟုတ်လား ကိုစိုင်း.. ကိုစိုင်းအတွက် မြူက အဲ့လောက်ထိ အပေါစားဆန်တာလား"

     "မြူ.. အဲ့လိုမဟုတ်ပါဘူးကွာ.. မနေ့က ကိုယ်တကယ် စိတ်လွတ်နေလို့ပါ"

     "မနေ့ကအကြောင်းတွေကို.. မြူ ပြန်လည်းမတွေးချင်ဘူး ပြီးတော့.. ပြန်လည်းမပြောချင်တော့လို့ ကျေးဇူးပြုပြီးတော့ မြူကို အစမဖော်ပါနဲ့.. တောင်းဆိုတာပါ"

မြူချစ်ရလေသော...(Completed)Where stories live. Discover now