Part 6 (Uni/Z)

23K 809 19
                                        

    အပိုင်း - ၆

     အံ့ဩနေသည့် မြူက ဘာမှပြန်မပြောနိုင်သေး။ ဒေါသထွက်နေသည့် ကိုစိုင်းက မြူကိုကြည့်လိုက် ဆံပင်ကိုဖွလိုက် လုပ်နေ၏။

     မနေ့က မြူနှင့် ကိုသူရိန် နေ့လည်စာစားသည့် ကိစ္စကို ကိုစိုင်းက ဘာကြောင့်များ ဒီလောက်ဒေါသဖြစ်နေရသလဲ။ မြူ နားမလည်နိုင်ပါ။ မကြာခင်မှာပင် လုပ်ငန်းချင်းလည်း ဆက်နွယ်ကြတော့မည်လေ။ ထို့အပြင် ကိုစိုင်းဆီ မြူ ဖုန်းခေါ်သည်။ ကိုစိုင်းမလာမှ ကိုသူရိန်နှင့်တွေ့ပြီး နေ့လည်စာ စားခဲ့မိခြင်းသာ။ ဒါကလည်း တမင်လုပ်ယူခဲ့ခြင်းမဟုတ်။

     "ကိုစိုင်း..."

     မြူ ခေါ်လိုက်သည့်အခါ စိုင်းသူရက မြူ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

     "မြူ.. သူရိန်နဲ့ ဝေးဝေးနေ... ကြားလား.. မြူ သူနဲ့ နီးနီးကပ်ကပ်နေလို့မရဘူး"

     "ဘာလို့လဲ.. ကိုစိုင်းရဲ့.."

     "မြူ..ကိုယ်ပြောတာကိုပဲ နားထောင်စမ်းပါ"

     "မြူ နားမလည်နိုင်ဘူး ကိုစိုင်း.. ကိုသူရိန်က မြူတို့နဲ့ လက်တွဲမယ့်လုပ်ငန်းရှင်.. အဲ့လိုလူက မြူအပေါ်ကောင်းပေးတာ ဘာများထူးဆန်းနေလို့လဲ"

     "မြူ.. မြူက အနုပညာလောကထဲက.. သူရိန်က ကလေးအဖေ.. မြူ ဘာမဟုတ်တဲ့ သတင်းတွေ ထွက်လာရင် မြူပဲ ထိခိုက်မယ်.. မြူက စပွန်စာယူတယ်ဆိုတဲ့နာမည်မျိုး အထွက်ခံနိုင်လို့လား"

     "ကလေးအဖေမို့လို့ မြူ့အတွက် ပိုပြီးမကောင်းဘူးလား.. လူလွတ်ဆိုရင်တောင် သတင်းထွက်လာတဲ့အခါ လူတွေက သို့လော သို့လောနဲ့ ပြောချင်ကြဦးမယ်"

     "မြူ.. ကျေးဇူးပြုပြီး ကိုယ်ပြောတာလေးကို နားထောင်ပေးပါလား.. သူရိန်နဲ့ ဝေးဝေးနေ"

     "ကိုစိုင်းက ကိုသူရိန်အပေါ် ဘာလို့ ခါးခါးသီးသီးဖြစ်နေလဲ.. မြူ နားမလည်နိုင်တော့ဘူး"

     "မြူ.."

     "မနေ့က ကိုသူရိန်နဲ့တွေ့ကြတာကလည်း မတော်တဆတွေ့ဖြစ်ရုံ.. ပြီးတော့ ကိုစိုင်းဆီ မြူ ဖုန်းခေါ်တယ်.. ကိုစိုင်း မလာလောက်တော့လို့ မြူ ထပြန်တော့မယ်လုပ်မှ ကိုသူရိန်နဲ့တွေ့တာ.. အဲ့ချိန် မြူ ဗိုက်ဆာနေပြီ.. နေ့လည်စာ တစ်နပ်က မြူ့အတွက် အဲ့လောက်ထိတောင် အပြစ်ဖြစ်သွားရတာလား"

မြူချစ်ရလေသော...(Completed)Where stories live. Discover now