Part 8 (Uni/Z)

21.7K 723 17
                                        

     အပိုင်း - ၈

     အိပ်ပျော်နေသည့် ထိုကောင်လေးကို သူရိန်က ဆံပင်လေးများသပ်တင်ပေးလိုက်သည်။ သို့သော် သူရိန်ထိလိုက်သည်နှင့် ထိုကောင်လေးက နိုးလာပြီး သူရိန်၏ လက်ကို ဖမ်းကိုင်လိုက်လေ၏။ ကိုယ်ပူကျသွားသည့် ထိုကောင်လေးက လေသံတိုးတိုးလေးဖြင့် ပြောရှာသည်။

     "ကိုကို.. သား ဗိုက်ဆာပြန်ပြီ.. ဟီး"

     "ကိုကို ထိလိုက်လို့ နိုးလာတာလား"

     သူရိန် မေးလိုက်သည့်အခါ ခေါင်းခါပြရှာသည့် အကောင်ပေါက်။ အကောင်ပေါက်က စောင်လေးကို ခွာ  ပြီး ထထိုင်လိုက်သည်။

     "ကိုကို ထိလိုက်လို့ မဟုတ်ပါဘူး.. သား ဗိုက်ဆာလို့ နိုးလာတာ"

     ချစ်စရာ ထိုကောင်လေးအား သူရိန်က ဆံပင်လေးများကို အသာယာဖွလိုက်မိ၏။

     "ဗိုက်ဆာရင် မုန့်စားကြမယ်လေ"

     "အွန်း.. ကိုကိုရော စားမှာလား"

     သူရိန်က အိမ်မှလာပို့ထားသည့် စားစရာများထဲမှ ကိတ်မုန့်ဘူးကိုဖွင့်ပြီး ကိတ်မုန့်တစ်ချပ်ယူကာ ထိုကောင်လေး၏ လက်ထဲထည့်ပေးလိုက်သည်။

     "ကိုကို မစားတော့ဘူး.. မြူပဲစားလိုက်"

     "ဟီး.. ဟုတ်ကဲ့ ကိုကို"

     ကိတ်မုန့်ကို တမြုံ့မြုံ့စားနေသည့် ထိုကောင်လေးက ချစ်စရာကောင်းလှ၏။

     "စားလို့ကောင်းလား"

     "အွန်း.. ကိုကိုနဲ့တွေ့ရတာ အရမ်းကောင်းတာပဲသိလား.. သား အရသာရှိတာတွေ အများကြီးစားရတယ်"

     "ဟုတ်လား.. ဒါဆိုရင် ကိုကိုနဲ့ အတူတူ နေချင်လား"

     သူရိန် မေးလိုက်သည့်အခါ အကောင်ပေါက်၏ မျက်လုံးလေးများက အရောင်တောက်သွားကြ၏။ သို့သော် ချက်ချင်းပင် မိုးပြိုမတက် ပြန်လည်အုံ့မှိုင်းသွားကြတော့သည်။

     "ဘာဖြစ်လို့လဲ မြူ"

     "မေမေ့မှာ သားပဲရှိတာလေ.. သားက ကိုကိုနဲ့လာနေတော့ မေမေတစ်ယောက်တည်းကျန်ခဲ့မှာပေါ့.. မဖြစ်ပါဘူး ကိုကိုရယ်"

မြူချစ်ရလေသော...(Completed)Where stories live. Discover now