Part 7 (Uni/Z)

22.7K 764 17
                                        

     အပိုင်း - ၇

     (အတိတ်ရပ်ဝန်း)

     -လွန်ခဲ့သည့် (၁၂) နှစ်ခန့်က-

     သူရိန် အပြင်မှပြန်ရောက်ပြီး ဧည့်ခန်းထဲဝင်လိုက်သည့်အခါ ဧည့်ခန်းထဲမှာ ဧည့်သည်များရောက်နေကြလေသည်။ မျက်နှာစိမ်းများ ဖြစ်သည့်အတွက် သူရိန် ဘယ်သူတွေမှန်း မသိပါ။

     ဒယ်ဒီက သူရိန်ကို လှမ်းခေါ်သည်။

     "သူရိန်.. ဒီကိုလာပါဦး"

     "ဟုတ်ကဲ့ ဒယ်ဒီ"

     ဒယ်ဒီက သူရိန်ကို လှမ်းခေါ်သည့်အတွက် သူရိန် ဒယ်ဒီ့ဆီ သွားလိုက်ရသည်။ ဒယ်ဒီက သူ့မိတ်ဆွေများနှင့် သူရိန်ကို မိတ်ဆက်ပေးနေကျပင်။ ဒါက ထူဆန်းသည်တော့မဟုတ်။ ထို့ကြောင့် သူရိန်က စိတ်ထဲဘယ်လိုမှမရှိ။ မိတ်ဆက်ပေးလျှင် နှုတ်ဆက်လိုက်သည်။ ဒီလောက်နဲ့သာ ပြီးပြီပင်။

     "သူရိန်.. ဒါက ဒယ်ဒီရဲ့ တောင်ကြီးကမိတ်ဆွေ စိုင်းကျောက်တဲ့... ဒယ်ဒီတို့ရဲ့ ကျောက်မျက်လုပ်ငန်းက ရှယ်ယာရှင်... နှုတ်ဆက်လိုက်ပါဦး"

     သူရိန်က ဒယ်ဒီညွှန်ပြရာကြည့်ပြီး နှုတ်ဆက်လိုက်သည်။

     "ရှိုင်းသူရိန်ပါဗျ.. တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ်"

     "ကိုရှိုင်းမင်းသာရဲ့ သားက အချောပဲဗျာ.. ဒါနဲ့ သားက တက္ကသိုလ်တက်နေတာလား"

     "ဟုတ်ကဲ့.. ကျွန်တော်က စီးပွားရေးတက္ကသိုလ် တတိယနှစ်ပါဗျ"

     "ဟုတ်လား.. ဒါဆို အတော်ပဲကွာ.. အန်ကယ်ရဲ့ သားနဲ့ သမီးကလည်း စီးပွားရေးမေဂျာယူထားကြတာ.. အန်ကယ်တို့က ရန်ကုန်မှာ အခြေချကြတော့မှာဆိုတော့ သူတို့လည်း ကျောင်းပြောင်းလာကြမှာလေ.. သားက ကူညီပေးပါဦး"

     "ဟုတ်ကဲ့ပါ အန်ကယ်.. ကျွန်တော် ကူညီပေးပါ့မယ်"

     "ဒီလိုဆို အန်ကယ်က ကျေးဇူးတင်ပါတယ်ကွာ"

     "အာ .. မလိုပါဘူး အန်ကယ်ရဲ့.. အန်ကယ်က ဒယ်ဒီ့ရဲ့ မိတ်ဆွေပဲလေ.. ကျွန်တော် ကူညီပေးရမှာပေါ့ဗျာ.."

     "ကောင်းပါပြီကွာ"

     ဒယ်ဒီက သူရိန်၏ ပခုံးလေးများကို ဆုပ်နယ်နေပြီး ပြုံးနေ၏။

မြူချစ်ရလေသော...(Completed)Where stories live. Discover now