Part 11 (Uni/Z)

22.2K 768 16
                                        

     အပိုင်း - ၁၁

     မြူက သူရိန်နှင့် ညစာ စားရမည်ဖြစ်သည့်အတွက် T-Shirt အဖြူလေးနှင့် ဂျင်းနက်ပြာလေးကို တွဲဖက်ဝတ်ဆင်လိုက်သည်။ မြူ ပတ်နေကျ နာရီလေးကို လက်မှာပတ်လိုက်ပြီး လက်ဖျံပေါ် ရေမွှေးနှစ်ချက်လောက် ဆွတ်လိုက်သည်။ ဆံပင်ကို အပေါ်လှန်သိမ်းပြီးမှ မြူ ပြန်ဖြည်ချလိုက်မိ၏။ ဆံပင်လှန်သိမ်းလိုက်ပါက မြူ၏ ပုံစံမှာ လူကြီးပေါက်စလေးနှယ်။ ထိုအတွေးကြောင့် မြူ ပြုံးလိုက်မိသည်။

     ကိုသူရိန်နှင့် မြူတို့တွေ့နေကြသည်ကို ကိုသူရိန်၏ ဇနီးက နှစ်သက်ပါ့မည်လားတော့ မပြောတတ်။ မြူ ခေါင်းခါပြီး အတွေးတို့ကို ရှင်းထုတ်လိုက်သည်။ ဒီနေ့ညစာက ကိုသူရိန်နှင့် မြူ နှစ်ယောက်တည်းတော့မဟုတ်။ ကိုသူရိန်၏ သူငယ်ချင်း ကိုမင်းခန့်လည်းပါမည်ဟု မြူ သိထားပြီးပြီ။ ကိုမင်းခန့်က မြူ၏ ပရိသတ်ပါဟု ကိုသူရိန် ပြောပြပြီးသား။ ထို့ကြောင့် မြူ ပြဿနာမရှိဟုသာ တွေးလိုက်သည်။

     ထို့နောက် မြူ ကားသော့ယူကာ အခန်းထဲမှ ထွက်လာလိုက်သည်။ မြူ ထွက်လာသည့်အခါ မေမေက ဧည့်ခန်းတွင် တရားစာအုပ်ဖတ်နေလေ၏။

     "မေမေ"

     မြူ ခေါ်လိုက်မှ မေမေက မြူကို မြင်သွားဟန်။

     "မြူ.. အပြင်ပြန်ထွက်ရဦးမှာလား"

     မြူက မေမေ့နားတွင် ခုံလေးယူကာ ဝင်ထိုင်လိုက်သည်။ မေမေက တရားစာအုပ်လေးကို ချပြီး မြူ၏ လက်လေးကို ဆုပ်ကိုင်လာခဲ့သည်။

     "ဟုတ်ကဲ့.. မေမေ.. မြူ ညစာစားဖို့ ချိန်းထားတာလေးရှိလို့ပါ.. မေမေက စားနှင့်လိုက်နော်"

     "ကောင်းပါပြီကွယ်.. အသွားအလာလည်း ဂရုစိုက်နော် မြူ"

     "ဟုတ်ကဲ့ပါ မေမေ"

     ထို့နောက် မြူက မေမေ့၏ ပါးလေးကို တစ်ချက်မွှေးကြူခဲ့ပြီး ထွက်လာခဲ့လိုက်ပါသည်။

......................................................................

     မြူ၏ ကားလေးက Shangrila Hotel ၏ ဆင်ဝင်အောက်တွင်ရပ်လိုက်သည်နှင့် ဧည့်ကြိုလေးများက လာကြိုကြလေသည်။ မြူက Bell Boy လေးဆီ ကားသော့ပေးလိုက်သည့်အတွက် ထိုကောင်လေးက မြူ၏ကားကို ပါကင်ထိုးပေးရန် ယူသွားလေတော့သည်။ မြူက ကိုသူရိန်နာမည်ကို Reception တွင်ပြောလိုက်သည့်အခါ ဧည့်ကြိုကောင်မလေးက Dining Room ဆီ ခေါ်လာပေးသည်။

မြူချစ်ရလေသော...(Completed)Where stories live. Discover now