Part 22 (Uni/Z)

22.7K 612 16
                                        

     အပိုင်း - ၂၂

     Shine Hotel ၏ Presidential Suit Room။ ဒီလိုအခန်းဆိုတာ ကြယ်ငါးပွင့်အဆင့်ဟိုတယ်တွေမှာ တစ်ခန်းတည်းသာ ရှိတတ်သည့် အခန်းအမျိုးအစား။ အခန်းအကျယ်အဝန်းက တော်ရုံကွန်ဒိုတစ်ခန်းစာလောက်ရှိပြီး သုံးထားသမျှအသုံးအဆောင်တွေက တန်ဖိုးကြီးပစ္စည်းတွေချည်းဖြစ်သည်။ သာမာန်လူတွေ အနားမကပ်နိုင်သည့်ဈေးနှုန်းနှင့် အထူးသီးသန့်ထားရှိသည့် အခန်းမျိုး။ ထိုအခန်းအမျိုးအစားတွေဆိုတာ ငွေကိုရေလိုသုံးနိုင်သူတွေသာ အချိန်ဖြုန်းဖို့ အသုံးပြုတတ်သည့် အခန်းအမျိုးအစားဖြစ်ပါ၏။

     စိုင်းသူရ အခန်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူရိန်က အတော်လေး ပြင်ဆင်ထားတာပင်။

     "ထိုင်လေ ကိုစိုင်း"

     သူရိန် ပြောလိုက်သည့်အခါ စိုင်းသူရက ဆိုဖာပေါ်ဝင်ထိုင်သည်။ ထို့နောက် သူရိန်က ဝန်ထမ်းလေးများကို ထွက်သွားဖို့ လက်ဖြင့်အချက်ပြလိုက်သည်။ ထိုအခါ အခန်းထဲမှာ တန်းစီပြီး အသင့်စောင့်နေသည့် ဝန်ထမ်းလေးများက သူရိန်ကို ဦးညွတ်အရိုအသေပေးကာ ထွက်သွားကြလေသည်။

     ကုတင်ပေါ် မေ့မျောနေသည့် မြူ၏ အလှတို့က လျော့ပါးမသွား။ အိစက်လှသည့် ကုတင်ကြီးပေါ်မှာ မြူက အိပ်မောကျနေဟန်။ တကယ်ကတော့ စိုင်းသူရ ရိုက်ထားသည့်အရှိန်ဖြင့် သတိမရသေးတာဖြစ်သည်။

     သူရိန် စိုင်းသူရကို ကြည့်လိုက်သည့်အခါ စိုင်းသူရက ခေါင်းငုံ့သွားလေ၏။ မလွန်ဆန်နိုင်လိုသာ ရွေးလိုက်သည့်လမ်းမဟုတ်လား။ စိုင်းသူရအနေဖြင့် စိတ်တွေရှုပ်ထွေးနေလောက်မည်။

     သူရိန်က မြင်းချေးရောင်စက္ကူအိတ်ဖြင့်ထည့်ထားသည့် စာရွက်စာတမ်းဖိုင်ကို စိုင်းသူရဆီ ကမ်းပေးလိုက်သည်။

     "အဆောက်အဦးပိုင်ဆိုင်ခွင့်လွှဲပြောင်းကြောင်း အထောက်အထားတွေရယ် ပြီးတော့ Studio အတွက် ထောက်ပံ့ငွေရယ်.. စစ်ကြည့်လိုက်လေ ကိုစိုင်း"

     သူရိန်ဆီက စာအိတ်လေးကို စိုင်းသူရက လှမ်းယူသည်။ ထို့နောက် ကုတင်ပေါ်က မြူကို တစ်ချက်လှမ်းကြည့်သည်။ သက်ပြင်းလည်း ခပ်ဖွဖွချသည်။ ပြီးမှ သူရိန်ဆီ အကြည့်တို့ကို ပို့လိုက်သည်။

မြူချစ်ရလေသော...(Completed)Where stories live. Discover now