Part 27 (Uni/Z)

24.6K 651 16
                                        

     အပိုင်း - ၂၇

     ရိုးတွင်းခြင်ဆီထုတ်ဖို့ မြူက ကုတင်ပေါ်မှာ ကွေးကွေးလေး။ မြူ စိတ်လှုပ်ရှားမှုကို တတ်နိုင်သလောက်ထိန်းနေရသည်။ ထုံးဆေးမပါဘဲ ထုတ်ယူမည်ဖြစ်သည့်အတွက် နာကျင်မည်ဆိုတာကိုတော့ မြူသိပြီးသား။ မြူ ကုတင်ကိုအသာယာ ဆုပ်ထားမိသည့်အခါ တာဝန်ကျဆရာဝန်လေးက ပြုံးပြသည်။

     "နာမည်က မိုးမြူရှန်ခပဲနော်"

     "ဟုတ်ပါတယ်"

     "မြူရဲ့ အနုပညာလှုပ်ရှားမှုတွေကို ကြည့်ဖူးပါတယ်.. ကြော်ငြာတွေနဲ့ ရုပ်ရှင်တွေလည်း ကြည့်ဖူးပါတယ်"

     "ဟုတ်ကဲ့"

     "နာမည်အရင်းနဲ့ပဲ အနုပညာလှုပ်ရှားမှုတွေ စခဲ့တာလား"

     "ဟုတ်ပါတယ် ဒေါက်တာ"

     "အင်း.. မြူက တော်တော်လေး သိုဝှက်တယ်နော်.. သားသားရှိနေတာတောင် ထုတ်ဖော်မထားဘူး.. ဒါနဲ့.. ဘယ်လိုစိတ်ကူးနဲ့ ကလေးယူထားတာလဲ"

     "ဗျာ"

     "ပြီးတော့.. ကလေးရဲ့ အဖေနာမည်ကျ Shine Gp က ကိုရှိုင်းသူရိန်နော်"

     "ဟုတ်ကဲ့"

     "နှစ်ယောက်က ဘယ်လိုပတ်သက်ကြတာလဲ... Personal ကို ကျော်သလိုဖြစ်နေလား.. တောင်းပန်ပါတယ်"

     "ရ.. ရပါတယ် ဒေါက်တာ"

     "မြူက သဘောကောင်းတယ်လို့ သိထားတာ.. တကယ်သိမ်မွေ့တာပဲ.. ပြီးတော့ မိတ်ကပ်မပါတာတောင် တော်တော်လေးလှတယ်"

     မြူ ပြုံးလိုက်မိသည်။

     "ကျေးဇူးပါ ဒေါက်တာ"

     "လှတယ်လို့သုံးရတာ အားနာပေမယ့် မြူက တော်တော်လှတယ်"

     "မလှပါဘူး ဒေါက်တာရယ်"

     "အဟင်း.. မြူက အဲ့လိုလည်း နှိမ့်ချတတ်တာလား"

     "မြူက သာမာန်ပါပဲ ဒေါက်တာ"

     "မြူက ကိုယ့်ကိုယ်ကို အဲ့လိုထင်နေတာကိုး.. တကယ်တော့ မြူက အလှလေးဗျာ"

     ဆရာဝန်လေးက မြူအတွက် ဆေးချိတ်တာတွေ လုပ်ပေးနေရင်း မြူ ကြောက်စိတ်ပြေအောင် အာရုံလွှဲပေးနေဟန်ရှိသည်။ ဆရာဝန်လေးက ထိုသို့ စကားပြောပေးနေသည့်အတွက် မြူ အတော်လေးတော့ စိတ်သက်သာရပါ၏။

မြူချစ်ရလေသော...(Completed)Where stories live. Discover now