Part 28 (Final) (Uni/Z)

43.9K 837 46
                                        

      အပိုင်း - ၂၈ (ဇာတ်သိမ်းပိုင်း)

     -(၃) နှစ်ခန့် ကြာသောအခါ-

     မြူက သားသားခွဲစိတ်မှုအပြီးမှာ အနုပညာအလုပ်တွေကို လက်စသတ်ကာ အနားယူခဲ့ပြီး ကော်ဖီဆိုင်လေးဖွင့်ထားခဲ့သည်။

     Shine Gp ၏ လုပ်ငန်းတွေက တိုးတက်အောင်မြင်နေဆဲဖြစ်ကာ ဟေမာကတော့ ပြီးခဲ့သည့်နှစ်ကပင် အိမ်ထောင်ပြုခဲ့သည်။

     ကိုစိုင်း၏ Z Studio ကနေ အောင်မြင်သည့် မော်ဒယ်တွေကို မွေးထုတ်ပေးနေတုန်းပင်။

     ကိုသူရိန်က သားသားကို ပြုစုပျိုးထောင်ရင်း လုပ်ငန်းတွေကို ဦးဆောင်နေဆဲ။ အရာအားလုံးဟာ သူနေရာနှင့်သူ နေသားတကျ။

     ခုချိန်မှာ အတိတ်တွေမရှိတော့သလို အားလုံးဟာ သူ့နေရာနှင့်သူ။ မြူက သတင်းတွေ ကြားရသည့်တိုင် ဘယ်သူနဲ့မှ တွေ့ဆုံခြင်းမရှိခဲ့။ လာတွေ့ကြလျှင်လည်း မြူက ဆိုင်ရှိ ဧည့်သည်တွေနှင့် အလုပ်ရှုပ်နေသည်ကသာများသည်။

     -တင်းမ်-

     ဘဲလ်မြည်သံလေးနှင့်အတူ Astro Café လေးထဲ ဝင်လာသူက မင်းခန့်။ မင်းခန့်က ကိုသူရိန်၏ သူငယ်ချင်းဖြစ်သလို အားထားရသည့် လက်ရုံးတစ်ယောက်။ ဒါကို မြူသိပြီးသားပင်။

      "ကြိုဆိုပါတယ် ကိုမင်းခန့်"

     မင်းခန့် မြူကို ပြုံးပြရင်း Coffee Bar လေးမှာ ဝင်ထိုင်လိုက်သည်။

     "ထုံးစံအတိုင်း Ice Americano ပဲ ပေးပါ မြူ"

     "ဟုတ်ကဲ့"

     မြူက မင်းခန့် မှာလိုက်သည့် ကော်ဖီလေးကို ခပ်သွက်သွက်ဖျော်ပေးလာသည်။

     Astro Café လေးက မြို့ထဲမှာ ရှိသည့်အတွက် နေ့လည်နှင့် ညနေတွေဆိုလျှင် ဆိုင်ထဲမှာ လူပြည့်နေတတ်သည်။ ချောမောလှပသည့် Barista (ကော်ဖီဖျော်သူ) မြူ ကြောင့်လည်း ပျိုမဒီလေးတွေအများစု လာရောက်ကြသည်လေ။

     အခုလို နံနက်ပိုင်းဆိုလျှင်တော့ လူရှင်းတတ်၏။ မင်းခန့်က မြူဆီ မကြာမကြာ လာတတ်သည်။ မြူကတော့ မင်းခန့်ကို မိတ်ဆွေတစ်ယောက်လိုပင် ဆက်ဆံတတ်၏။

မြူချစ်ရလေသော...(Completed)Where stories live. Discover now