အပိုင်း - ၄
စိုင်းသူရက သူရိန်ကိုမီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့်ကြည့်နေလေသည်။ သူရိန်ကတော့ တည်ငြိမ်လျက်ပင်။
အတန်ကြာသည်အထိ စိုင်းသူရဆီက ဘာသံမှ ထွက်မလာခဲ့ပါ။
သူရိန်က နက်ခ်တိုင်ကို အနည်းငယ်ဖြည်ချပြီး ဆံပင်တို့ကို ဖွလိုက်သည်။
"ဒါက တိုက်ဆိုင်သွားတာ ကိုစိုင်း"
"တိုက်ဆိုင်တယ်ဟုတ်လား.. ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ သူရိန်.. တိုက်ဆိုင်တာက ဒီလောက်ထိကတော့..မဖြစ်သင့်ဘူးထင်တာပဲ"
"ငါ ပြောပြမယ် ကိုစိုင်း... သားသားက မအိပ်လို့ အိမ်ထိန်းက ငါ့ဆီဖုန်းဆက်တယ်.. အဲ့ဒါနဲ့ ငါက ဟေမာကို သားသားနဲ့အတူ ငါ့ဆီ လာခိုင်းလိုက်တယ်.. ငါ ဒီမှာရှိနေချိန် မြူ ရောက်လာတာပဲ.. အခု ငါပြောပြတာက အစအဆုံးပဲ ကိုစိုင်း.. ငါ ဘာမှ မလုပ်ဘူး"
"မင်းပြောတာကို.. ငါ.. ငါ ဘယ်လိုလုပ် ယုံရမှာလဲ သူရိန်"
"ယုံတာမယုံတာ မင်းကိစ္စပဲ ကိုစိုင်း... ငါကတော့ ပြောစရာရှိတာ ပြောပြီးပြီ"
"သူရိန်..မင်း.."
"ကိုစိုင်း.. ငါကလည်း မင်းတို့နဲ့ ဝေးအောင်နေနေပါတယ်.. ပြီးတော့ လက်ရှိမှာ မြူက မင်းရဲ့ချစ်ရသူလေ.. မင်းက အနိုင်ရနှင့်ပြီးသားပါ"
"အနိုင်. အရှုံး ဆိုတာ.. မရှိဘူး သူရိန်.. ဒီနေရာမှာတော့ နှလုံးသားတွေပဲရှိတယ်"
သူရိန် သက်ပြင်းချလိုက်မိသည်။
"ငါ ပြန်တော့မယ် ကိုစိုင်း... လုပ်ငန်းနှစ်ပတ်လည်နေ့အတွက် Congratulations ပါ.. မင်းရဲ့လုပ်ငန်းတွေ တိုးတက်အောင်မြင်ပါစေ.. ဒါက စိတ်ရင်းနဲ့ ဂုဏ်ပြုပေးတာပါ"
သူရိန်က ထိုမျှသာပြောပြီး လှည့်ထွက်လာခဲ့လေသည်။
စိုင်းသူရကတော့ ထိုနေရာမှာပင်မလှုပ်မယှက် ကျန်ခဲ့ရှာ၏။
ထိုအချိန်တွင် အပြေးရောက်လာသည့် ကိုတိုး။
"ကိုစိုင်း.. မြူ.. မြူ..."
YOU ARE READING
မြူချစ်ရလေသော...(Completed)