Part 19 (Uni/Z)

20.7K 719 17
                                        

     အပိုင်း - ၁၉

     ကန်တော်ကြီးတံတားပေါ်မှာ မြူက လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို ငေးနေသည်။ သူရိန်က မြူ၏ နောက်နားလေးမှ ကပ်လိုက်နေပြီး မြူကို တစိမ့်စိမ့်ကြည့်နေမိသည်။ ဒီနေ့ မြူ၏ ရိုက်ကွင်းက စောပြီးသွားသည့်အတွက် ညနေခင်းလေးမှာ ကန်တော်ကြီးထဲ ရောက်နေကြတာပင်။ မြူက ခုနောက်ပိုင်း အားလပ်ချိန်များကို သူရိန်အတွက် အချိန်ပေးတတ်သည်။

     မြူက အိမ်မွေ့ချဖို့အကူညီတောင်းထားတာကို သူရိန် မစီစဉ်နိုင်သေး။ ပြန်သတိရလာမည့်အတိတ်ကြောင့် မြူ ထိခိုက်သွားမှာကို သူရိန် မလိုလား။ မြူ ဒီတိုင်းလေး ပျော်နေတာကိုသာ သူရိန် မြင်လိုသည်။

     ပိတ်ရက်မဟုတ်သည့်အတွက် ကန်တော်ကြီးထဲမှာ လူသိပ်မများလှ။ ညနေခင်းလမ်းလျှောက်နေသည့် လူအနည်းငယ်သာရှိသည်။ ထို့ကြောင့် မြူနှင့်သူရိန်တို့ လမ်းလျှောက်ရတာ အေးအေးလူလူရှိလှ၏။

     မြူက လမ်းလျှောက်ရင်း ပတ်ဝန်းကျင်လေးကို ငေးနေသည်။ သူရိန်ကတော့ မြူကိုသာ လိုက်ငေးနေမိ၏။ မြူက မျက်စိမလွှဲချင်လောက်အောင်လှသည်လေ။ ဒီလူသားလေးကို သူရိန် မြတ်နိုးလိုက်ရတာ။ ဒါတွေကို တစ်ရက်ရက်မှာတော့ မြူသိအောင်ပြောပြချင်ပါသည်။

     -တူ တူ တူ တူ-

     တတူတူမြည်လာသည့် ဖုန်းလေးကြောင့် လမ်းလျှောက်နေသည့် မြူက ခြေလှမ်းများကို ရပ်လိုက်သည်။ ထို့နောက် ဖုန်းလေးကို ထုတ်ကိုင်လိုက်၏။

     မြူ ကြည့်လိုက်သည့်အခါ ဖုန်းခေါ်ဆိုသူက ကိုစိုင်း။

     "အွန်း.. ကိုစိုင်း"

     "မြူ.. အခု ဘယ်မှာလဲ"

     "ရိုက်ကွင်းပြီးလို့ ကန်တော်ကြီးကို ရောက်နေတာပါ.. ကိစ္စရှိလို့လား"

     မြူ မေးလိုက်သည့်အခါ တစ်ဖက်မှ ကိုစိုင်းက သက်ပြင်းချသည်။

     "မြူ.. သတင်းကြည့်ပြီးပြီလား"

     "ကြည့်ပြီးပါပြီ.. ကိုစိုင်းနဲ့ မြူတို့ လမ်းခွဲတဲ့အကြောင်းပဲ မဟုတ်လား"

မြူချစ်ရလေသော...(Completed)Where stories live. Discover now