Part 13 (Uni/Z)

22K 728 13
                                        

     အပိုင်း - ၁၃

     မြူက ဒီရက်တွေမှာ အိပ်ခန်းထဲတွင်အိပ်နေသည်မှအပ ဘာမှမလုပ်။ ညဖက်တွေ မေမေ့ကို ကန်တော့သည့်အချိန်သာ မြူ အပြင်ကိုထွက်သည်။ မြူ မေ့နေခဲ့သည့် အတိတ်တချို့က ဘာတွေလဲ။ မြူ ခေါင်းတွေပေါက်ထွက်မတတ် စဉ်းစားပါသော်လည်း အဖြေကတော့ ထွက်မလာ။ (၃) ရက်လုံးအပြင်မထွက်သည့် မြူ။

     -ဒေါက် ဒေါက် ဒေါက်-

     တံခါးခေါက်သံကြောင့် မြူ ထဖွင့်လိုက်ရသည်။ မိုးလင်းသည်နှင့် ဘယ်သူရောက်လာပါလိမ့်။

     "ဟင် .. ကိုသူရိန်"

     "မြူ.. နေကောင်းရဲ့လား"

     "အွန်း..ကောင်း.. ကောင်းပါတယ်"

     မြူ၏ ပုံစံက မလန်းမဆန်း။

     "ရေချိုး အဝတ်စားလဲပြီး ထွက်လာခဲ့နော် မြူ.."

    "ကိစ္စရှိလို့လား ကိုသူရိန်.. မြူ ဒီတလော ရိုက်ကွင်းတွေ အကုန် ဖျက်ထားတာ"

     "ကိုယ်သိပါတယ်.."

     ထိုအချိန်တွင် မြူ၏ မေမေရောက်လာသည်။

     "မေမေ.."

     "မြူ.. အကိုလေးက သားကို အပြင်ခေါ်သွားမလို့တဲ့"

     မြူက မေမေ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

     "မေမေက.. ကိုသူရိန်ကို သိနေတာလား"

     မြူ မေးလိုက်သည့်အခါ မေမေက ဝှီးချဲလေးကို ရှေ့သို့ ရွှေ့ပြီး မြူ၏ လက်တို့ကို ဆုပ်ကိုင်လာခဲ့သည်။ ထို့နောက် ခေါင်းညိတ်ပြပါသည်။

     "သိတယ်.. နောက်ဆိုရင် မြူလည်း သိလာမှာပါ"

     "ဟင်.. မေမေ. ဘာကို ပြောချင်တာလဲ"

     "အခုတော့ မြူက မေမေ့စကားကို နားထောင်နော်"

     မြူ ခေါင်းညိတ်ပြလိုက်ပါသည်။

     "ဟုတ်ကဲ့ပါ မေမေ"

     သူရိန်က မြူ၏ ပခုံးလေးမှဖက်ပြီး မြူကို ရေချိုးခန်းဆီ ခေါ်လာလေသည်။ ထို့နောက် သွားတိုက်ဆေးထည့်ပေး၏။ ပြီးမှ ရေနွေးနွေးလေးကို Bathtub ထဲ ဖြည့်ပေးနေသည်။ မြူက မှန်မှတဆင့် ကိုသူရိန် လုပ်သမျှကို မြင်နေရလေသည်။ မြူ ဘာမှတွေးမရသော်လည်း ကိုသူရိန်ကို မြင်နေရသည့်အတွက် စိတ်ကတော့ ပျော်နေသလိုပင်။

မြူချစ်ရလေသော...(Completed)Where stories live. Discover now