Part 21 (Uni/Z)

22.9K 655 14
                                        

     အပိုင်း - ၂၁

     သူရိန့်လက်ထဲမှာ ဆေးစစ်ချက်စာရွက်လေး။ သားသားက သွေးဖြူဥအားနည်းနေတာဖြစ်သည်။ အလှူရှင်ရှာပြီး အစားထိုးရမည်။ သို့သော် အလှူရှင်နှင့် DNA ကိုက်ညီရမည့်အပြင် သွေးအမျိုးအစားပါတူရမည်ဖြစ်၏။ ထိုအဖြေစာရွက်က သူရိန့်အတွက်တော့ သေမိန့်တစ်ခုလိုပင်။ ခြောက်ခြားစရာကောင်းလှ၏။ သားသားက မြူ၏ သွေးအမျိုးအစားကို ဆက်ခံထားတာဖြစ်သည်။ ထို့ကြောင့် သားသားနှင့် ရိုးတွင်းခြင်ဆီကိုက်ညီဖို့ဆိုတာ အတော်လေးခက်ခဲမည့်ကိစ္စပင်။

     "သူရိန်"

     ခေါ်သံကြောင့် သူရိန်မော့ကြည့်လိုက်သည့်အခါ စိုင်းသူရ။

     "အင်း.. ရောက်လာပြီလား"

     "အေးအေးလူလူဖြစ်မယ့်နေရာမှာ စကားပြောရအောင်လေ"

     "အင်း.. အဲ့လိုလုပ်ကြတာပေါ့"

     "ဘယ်ကိုသွားကြမလဲ.. ကော်ဖီဆိုင်သွားထိုင်ကြမလား"

     "ဟင့်အင်း.. ခုချိန် ဘာမှမစားချင်လို့ စကားပဲပြောကြတာပေါ့.. ဆေးရုံခေါင်မိုးထပ်က ပန်းခြံလေးဆီသွားကြမယ်လေ"

     စိုင်းသူရ ခေါင်းညိတ်လိုက်သည်။

     "အင်း.. ရတယ်လေ.. သွားကြတာပေါ့"

     ထို့နောက် သူရိန်နှင့် စိုင်းသူရတို့ ဆေးရုံခေါင်းမိုးထပ်ဆီ တက်ခဲ့ကြသည်။

     ညနက်ပိုင်းမို့ ကောင်းကင်မှာ ကြယ်တွေစုံနေကြသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ဆေးချမ်းနေသော်လည်း သူရိန်နှင့် စိုင်းသူရကတော့ ရင်ထဲမှာ အပူကိုယ်စီနှင့်ဖြစ်သည်။ အေးစိမ့်စိမ့်ရာသီဥတုကလည်း ထိုနှစ်ယောက်၏ ရင်ထဲကအပူကို မငြိမ်းသတ်နိုင်။

     ဆေးရုံခေါင်းမိုးပေါ်မှာ ပန်းခြံငယ်လေးရှိပြီး တချို့လူနာတွေ အပန်းဖြေလို့ရအောင် ဆောက်လုပ်ပေးထားတာဖြစ်သည်။ သို့သော် ဒီအပေါ်ထပ်က သီးသန့်ဖြစ်နေသည့်အတွက် လူနာတွေက ဆေးရုံအောက်မှာရှိသည့် ပန်းခြံဆီသာ သွားတတ်ကြသည်။ ထို့ကြောင့် ဒီနေရာက အမြဲလူရှင်းတတ်သည်။ ထို့ကြောင့်လည်း သူရိန်က ဒီနေရာဆီ စိုင်းသူရကို ခေါ်လာခဲ့တာပင်။

မြူချစ်ရလေသော...(Completed)Where stories live. Discover now