Part 12 (Uni/Z)

22.1K 710 17
                                        


     အပိုင်း - ၁၂

     ညနေပိုင်းတွင် ကိုသူရိန်နှင့်မြူက နေရာတစ်ခုသို့ ရောက်နေကြသည်။

     မြူကတော့ မရောက်ဖူးသည့် ကမ္ဘာတစ်ခုကို လာရသည့်အတွက် ပျော်ရွှင်နေတော့၏။ သူရိန်ကတော့ စိတ်လွတ်လက်လွတ်ပျော်နေသည့် မြူကြောင့် ကျေနပ်နေမိသည်။ တစ်ရက်လုံး ရိုက်ကွင်းများပြည့်နေသည့်မြူက ဒီနေရာကို သဘောအကျကြီးကျနေဟန်ပင်။ တက်ကြွနေသည့် မြူက ချစ်စရာကောင်းလှသည်။ သူရိန် မြူအား ထိုကဲ့သိုပင် အမြဲပျော်ရွှင်စေချင်ပါ၏။

     "သဘောကျနေတာလား မြူ"

     "ဟုတ်တယ် ကိုသူရိန်.. မြူရဲ့ ဘဝမှာ ဒီလိုနေရာတွေ ရှိမှန်းတောင်မသိခဲ့ရဘူး"

     "အခုရော သိသွားပြီလား"

      "အွန်း.. သိသွားပြီ"

     "သဘောကျလား မြူ"

     "သဘောကျတယ်.. ဒီနေရာကလည်း ကိုသူရိန်တို့ရဲ့ Shine Group ကပဲ ပိုင်တာလား"

     "အင်း"

     သူရိန်နှင့် မြူတို့ ရောက်ရှိနေသည်က Shine လုပ်ငန်းစုမှ ပိုင်ဆိုင်သည့် Driving Stunt ကျင်းပရာနေရာပင်။ ကားများကို အရောင်များသတ်မှတ်ထားပြီး Stunt ပြရာ ကွင်းပြင်ကျယ်ကြီးရှိသည်။ ကြည့်ရှုသူပရိသတ်များအတွက် သတ်မှတ်နေရာများကို အနိမ့်အမြင့်လိုက် ထားရှိပေးထားသည်။

     ဒီနေရာကို သူရိန်က မင်းခန့်၏ အကူအညီဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ Stunt ပွဲများကို တစ်လတစ်ကြိမ် ကျင်းပလေ့ရှိပြီး ဒီနေ့ကတော့ နားရက်ဖြစ်သည်။ ထို့ကြောင့် သူရိန်က မြူကို ခေါ်လာဖို့ မင်းခန့်ကို စီစဉ်ခိုင်းခဲ့သည်လေ။

     နေရောင်ပျောက်သွားသည်နှင့် Stunt နေရာရှိ မီးများက လင်းထိန်လာကြလေ၏။

     ထို့နောက် သူရိန်တို့ထံရောက်လာသည့် လူ (၃) ယောက်။ ထိုလူများက သူရိန်နှင့် မြူကို အရိုသေပေးသည်။ သူရိန်က လက်ကာပြလိုက်သည့်အခါ ထိုလူများက ကွင်းထဲဆင်းသွားကြလေ၏။

     "ကဲ .. အခုကစလို့ မြူကို နောက်ထပ်ကမ္ဘာတစ်ခုဆီ ခေါ်သွားပေးမယ်.. စိတ်ဝင်စားလား မြူ"

မြူချစ်ရလေသော...(Completed)Where stories live. Discover now