Part 5 (Uni/Z)

25.6K 811 20
                                        

     အပိုင်း - ၅

     စိုင်းသူရနှင့် ဒါရိုက်တာအဖွဲ့ဝင်များ အစည်းဝေးခန်းတွင် ခေါင်းချင်းဆိုင်နေရ၏။ Shine Group ဖက်မှ Z Studio နှင့်လက်တွဲချင်ကြောင်း ပြောလာသည့်အခါ စိုင်းသူရ ခေါင်းကိုက်ရတော့သည်။

     သူရိန်က ဒီအကွက်ကိုမသုံးလောက်ဟု တွေးခဲ့မိသည့် စိုင်းသူရ၏ အတွေးများကတော့ တက်တက်စင်အောင်လွဲနေခဲ့ပြီ။

     ဒါရိုက်တာများကတော့ Shine မှ ကမ်းလှမ်းချက်ကို သဘောကျနေ၏။ ထိုသို့သော လုပ်ငန်းကြီးနှင့် တွဲဖက်လုပ်ကိုင်ရမည်ဆိုပါက အကျိုးအမြတ်က ပြောစရာမလိုတော့ပေ။ ထို့ကြောင့် လက်တွဲလုပ်ကိုင်ရန်ထောက်ခံချက်က (၉၉) ရာခိုင်နှုန်းဖြစ်နေတာ့သည်။ လက်မခံချင်သူက စိုင်းသူရ တစ်ယော်က်တည်းသာ ဖြစ်လို့နေသည်။

     "ကျွန်တော်တို့ကတော့ သဘောကျတယ်.. Shine ဖက်က လိုလိုလားလား ဖြစ်နေတော့ လက်တွဲရမယ်ထင်တယ်.. ကိုစိုင်း"

     "ဒီလိုအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး.. Shine ဖက်က စိတ်မပြောင်းခင် ကျိန်းသေလက်ခံရမှာ"

     "Shine နဲ့ လက်တွဲချင်တဲ့ လုပ်ငန်းတွေက မနည်းမနောပဲလေ.. မော်ဒယ်အေဂျင်စီတွေထဲကမှ Z Studio ကိုရွေးတာဆိုတော့.. မြန်မြန်သာ လက်ခံလိုက်တော့"

     တစ်ယောက်စီ၏ စကားသံများအဆုံး စိုင်းသူရ သက်ပြင်းချလိုက်မိသည်။ ဒီလိုအခြေအနေမှာ စိုင်းသူရက လက်မခံနိုင်ပါဟုဆိုချင်လျှင် အကြောင်းပြချက်ကောင်းကောင်းပေးရတော့မည်။ သို့သော် စိုင်းသူရဆီမှာတော့ ဒါရိုက်တာအဖွဲ့ဝင်များကိုပေးနိုင်မည့် အကြောင်းပြချက်မရှိခဲ့ပါ။

     ထို့ကြောင့် လုပ်ငန်းကိစ္စကိုသာ ဆက်ပြီးမေးရတော့မည်။

     "သူတို့ဖက်က တောင်းဆိုချက်တွေကို သိလို့ရမလား ကိုတိုး"

     စိုင်းသူရမေးလိုက်သည့်အခါ ကိုတိုးက ခေါင်းညိတ်ပြသည်။

     "တောင်းဆိုချက်တွေကတော့ သာမာန်တွေပါပဲ.. အကျိုးအမြတ်ညှိတာတွေပါပါတယ်.. ပြီးတော့ အကျိုးအမြတ်ကိုတော့ ပုံမှန်ထက် ၁၀ % ပိုပေးပါတယ် ကိုစိုင်း .. ဒါပေမယ့် အဓိကတောင်းဆိုချက်က ကုန်စ္စည်းအသစ်တိုင်းအတွက် မော်ဒယ်ကိုတော့ မိုးမြူရှန်ခကိုပဲ ပေးရမှာပါ"

မြူချစ်ရလေသော...(Completed)Where stories live. Discover now