Part 25 (Uni/Z)

22.5K 627 16
                                        

     အပိုင်း - ၂၅

     ဇာတ်ကား၏ ဇာတ်သိမ်းပိုင်းမို့ မြူက နားထားသည့်ကြားမှပင် ရိုက်ပေးဖို့ ရိုက်ကွင်းမှာ ရောက်နေရသည်။ မြူ ဇာတ်ဆောင်အနေဖြင့် ရိုက်ကူးထားသည့် ဒီဇာတ်လမ်းတွဲက ပြသသည့် ရုပ်သံလိုင်းမှာ နာမည်ကြီးသည်။ ထို့အပြင် ပရိသတ်ရှိပြီးသားဖြစ်သည့် မြူအတွက် ဒီဇာတ်လမ်းတွဲက နာမည်ပိုရစေသည့် ဇာတ်။ ထုတ်လုပ်သူက Shine Group မှ ဖြစ်သည်။ အတိကျဆိုရလျှင်တော့ Shine Group က Sponsor ပေးထားတာပင်။

     အနုပညာရှင်တစ်ယောက်က လက်တွေ့ဘဝမှာ ဘာတွေပဲ ဖြစ်နေပါစေ။ ပရိသတ်ရှေ့မှာတော့ စံပြဖြစ်လောက်သည့် အပြုမူများကိုသာဖော်ပြရသည်။ ဒါတွေကို မြူ နေသားကျပြီးသား။ ထို့ကြောင့် ရိုက်ကွင်းများ ဖျက်ထားသော်လည်း မြူက ဇာတ်သိမ်းပိုင်အတွက်တော့ ရိုက်ကွင်းကို ရွှေ့ဆိုင်းခြင်းမပြုခဲ့။ တာဝန်ယူရမှာတွေကိုတော့ မြူ မရှောင်လွဲချင်။

     "ကိုတိုး"

     မြူ ခေါ်လိုက်သည့်အခါ မန်နေဂျာကိုတိုးက မြူ့ အနားသို့ရောက်လာသည်။

     "အင်း.. မြူ.. ပြောလေ"

     "ဒီနေ့ရိုက်ကွင်းပြီးရင် ညစာစားပွဲရှိသေးလား"

     "ရှိတယ် မြူ.. ဒီနေ့က ဇာတ်သိမ်းရိုက်တာဆိုတော့ ပြီးတာနဲ့ ညစာစာပြီး နှုတ်ဆက်ပွဲလုပ်ကြမှာ"

     "အွန်း.. ကိုစိုင်း လာမယ်တဲ့လား"

     မြူ မေးလိုက်သည့်အခါ ကိုတိုးက လက်ထဲမှ ဖိုင်လေးကို ကြည့်လိုက်၏။ ကြည့်ရတာတော့ ကိုစိုင်း၏ Schedule ကို ကြည့်တာထင်သည်။ ပြီးမှ ပြန်ဖြေသည်။

     "ကိုစိုင်းလည်း လာလိမ့်မယ် မြူ"

     "ဒါဆို .. မြူ ညစာစားပွဲ မတက်တော့ဘူးနော်"

     "ဟင်.. ဘာလို့လဲ.. ဒီဇာတ်ကားမှာ မြူက ဇာတ်ဆောင်လေ.. အားလုံးက မြူကို မျှော်လင့်နေကြမှာကို"

     "ကိုတိုးပဲ ကြည့်ပြောလိုက်ပါ.. မြူ နားချင်နေတယ်လို့ ပြောလိုက်လေ.. တကယ်လည်း မြူ နားဖို့လိုနေတယ်"

     "ကိုစိုင်းကိုရော..ဘယ်လိုပြောရမလဲ"

     "ကိုစိုင်း သိပါတယ်.. မြူ မေမေ့နာရေးကြောင့် အနားယူထားတာကို ကိုစိုင်းသိပြီးသားပါ"

မြူချစ်ရလေသော...(Completed)Where stories live. Discover now