Part 9 (Uni/Z)

22.1K 762 18
                                        


     အပိုင်း - ၉

     မေမေအိပ်သွားမှ ကိုစိုင်းဆီက ဖုန်းဝင်လာသည်။ မြူ သက်ပြင်းချပြီး ဖုန်းကိုင်လိုက်မိသည်။ တစ်ဖက်မှ ကိုစိုင်း၏ အသံက မြူ၏ ဝမ်းနည်းစိတ်ကို နှိုးဆွပေးနေသယောင်။

     "မြူ"

     "ပြောပါ.. ကိုစိုင်း"

     "မြူ.. မအိပ်သေးရင် ခဏလောက်တွေ့လို့ရမလား"

     "အခုလား.. ဒီအချိန်ကြီး.. ကိစ္စကအရေးကြီးလို့လား ကိုစိုင်း"

     "အင်း.. ခဏလောက်ပဲ လာခဲ့ပေး မြူ"

     မြူ ဖုန်းချပြီးနောက် အဝတ်စားလဲကာ ကိုစိုင်းချိန်းသည့် ဟိုတယ်သို့ ရောက်လာခဲ့ရ၏။

     ဟိုတယ်က Shine လုပ်ငန်းစုမှ ဟိုတယ်ဖြစ်ဟန်ရှိ၏။ ဘာကြောင့်များ ကိုစိုင်းက မြူကို ဒီထိချိန်းသလဲတော့ မြူနားမလည်နိုင်ပါ။ အလုပ်ကိစ္စဟုသာ တွေးပြီး မြူက ကိုစိုင်းပြောသည့် အခန်းဆီ တက်ခဲ့လိုက်ရသည်။

     စိတ်ထဲတွင်တော့ ဘဝင်မကျသလို စိတ်လေးနေသည်။ ထို့ကြောင့် အခန်းရှေ့မှာ မြူ ခပ်တွေတွေလေး ရပ်နေမိသည်။

     သို့သော် ကိုစိုင်းက ခေါ်သည်မို့ မြူ သက်ပြင်းချကာ အခန်းတံခါးခေါက်လိုက်ပါ၏။

     ခဏအကြာတွင် ကိုစိုင်းက တံခါးလာဖွင့်ပေးသည်။

     "မြူ.. ရောက်လာပြီလား"

     "အွန်း.. ညဖက်ကြီး ကိစ္စရှိလို့လား ကိုစိုင်း.. အလုပ်ဆိုရင်လည်း Studio မှာ ပြောလို့ရတယ်လေ"

     ကိုစိုင်းက ဘာမှမပြော။ မြူ၏ လက်ကိုဆွဲကာ ခေါ်လာခဲ့သည်။ ထိုအခန်းထဲတွင် နှင်းဆီအနီများဖြင့် ပြင်ဆင်ထားပြီး ဝိုင်နှစ်ခွက်ရှိနေ၏။

     ကိုစိုင်းက ရေချိုးထားဟန်ရှိပြီး Bathrobe ဖြင့်ဖြစ်သည်။ ခေါင်းကလည်း ရေသိပ်မခြောက်သေး။ မြူကတော့ ဘာကိုမှ နားမလည်နိုင်သေးပါ။

     စိုင်းသူရက မြူကို ကုတင်ပေါ်ထိုင်ခိုင်းပြီး ဝိုင်ခွက်လေးကို လက်ထဲသို့ ထည့်ပေးလိုက်၏။

     မြူက ရှပ်အင်္ကျီနီညိုလေးကို ပုဆိုးလေးနှင့် တွဲဝတ်ထားပြီး တမျိုးလေးလှနေလေသည်။ ဆံပင်ခပ်အုပ်အုပ်လေးက မြူ၏ မျက်နှာလေးနှင့်လိုက်ဖက်နေပြီး နီညိုရောင် ရှပ်လက်ရှည်လေးအောက် မြူက ပိုပြီးလင်းလက်နေသယောင်။

မြူချစ်ရလေသော...(Completed)Where stories live. Discover now