Warning - Seme Psychopath ပါ။ရုန့်ရင်းကြမ်းတမ်းပြီး စိတ်ကိုမထိန်းချုပ်နိုင်တဲ့အခါရိုက်နှက်ထိုးကြိတ်တတ်ပါတယ်။သူ့စိတ်ကိုထိန်းချုပ်နိုင်တဲ့အခါမှာတော့ အင်မတန်ကို ကြည်နူးဖွယ်ကောင်းလောက်အောင် အလိုလိုက်တတ်တဲ့ကောင်လေးဖြစ်သွားပါလိမ့်မယ်။လက်တွေ့ဘ၀နဲ့ သိပ်ကိုကွာခြားတဲ့ ဇာတ်ကြောင်းဖြစ်ပါတယ်။ပညာရစရာနည်းပါတယ်။ဒါတွေကိုလက်ခံနိုင်မှဆက်ဖတ်ပါ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ငါ မင်းကို သောက်ရမ်းမုန်းတယ် နိုင်း"
ကုတင်ပေါ်တွင်လဲကျနေသူက ပင်ပန်းနွမ်းနယ်နေသည့်ကြားကအံကြိတ်သံဖြင့်ပြောလာသည်။တစ်ညလုံး တောက်လျှောက် လုပ်ခဲ့တာတောင်မှ အခုထိကိုမာန်ကမကျသေး။
နိုင်းဆိုတဲ့ကောင်ကလည်း ဒီလိုမျိုးမှ ကြိုက်တာ။
"ကျုပ်ကလည်း သောက်ရမ်းချစ်တယ် ။ကျေနပ်လား ခင်ဗျား..."
နှုတ်ခမ်းထင်းထင်းကြားကထွက်ပေါ်လာသည့်အက်ရှရှသံက ကုတင်ပေါ်ကလူ၏လက်သီးဆုပ်ကိုပို၍တင်းကြပ်သွားစေသည်။
"မင်း..."
ဒေါသထွက်ပေမယ့် သူဘာမှမလုပ်နိုင်သေး။ညကလိုသာစိတ်ရှိလက်ရှိ ထုရိုက်ရမယ်ဆိုရင် အခုလိုလေသံနဲ့ ဒီကောင်ပြောနိုင်မှာမဟုတ်။ ခွေးကျင့်ခွေးကြံနဲ့ အလစ်အငိုက်ဖမ်းတတ်တဲ့ ဒီလိုကောင်ကိုသာချီးကျူးရမလိုလို။
"အာ့"
ရုတ်တရက်ခွေးလိုကောင်က မျက်နှာကိုလက်ဖြင့်ချုပ်ကာ ....
"ဟောဒီ ပါးစပ် လေးကမုန်းတယ်ဆိုတဲ့စကားတစ်ခွန်းထပ်ပြောကြည့်လိုက်။ကျုပ်က ခင်ဗျားကိုဆယ်ဆချစ်ပြမယ်။ ခင်ဗျား အခါတစ်ရာပြောဦးမလား။ကျုပ်ကမမောဘူး အခါတစ်ရာ ချစ်ပြဦးမှာ ! ခင်ဗျားသာ အမောခံနိုင်အောင် ကြိုးစားထား အဟက်"
ကြားလိုက်ရတဲ့စကားတွေကမသထီစရာအတိ။
ဒီလေသံ၊ ဒီစကားလုံး၊ဒီအငွေ့အသက်၊ အားလုံးကို သူမုန်းသည်။ စာနာတတ်တဲ့သူ့နှလုံးသားကိုအခွင့်ကောင်းယူပြီး ယုတ်မာတဲ့ကောင်။ဒေါသကြောင့်ကုတင် ပေါ်ရှိခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်လို့နေသည်။ညကအရှိန်ကြောင့် ဖြူစုတ်စုတ် ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့် နီရဲနေကာ ကြည့်လို့မကောင်း။ သူများမြင်ရင်တော့ ကိုယ်က နှိပ်စက်လို့ ဖြစ်ရသည်ဟု ထင်ကြဦးမည်။
YOU ARE READING
I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)
RomanceCold Blooded Love Between Two Men . START DATE - 28 APRIL 2023 END DATE - 6 JUNE 2024