EXTRA 1 [Unicode + Zawgyi]

18.7K 548 22
                                    

Desicion For Making Babies 💗
Unicode

နိုင်းကသတိရလာပြီးနောက် ခပ်မြန်မြန်ပဲထူထူထောင်ထောင်ဖြစ်လာခဲ့တယ်။တစ်လအတွင်းမှာပဲ သူ့လုပ်ငန်းတွေကို ပြန်ဦးစီးနိုင်ခဲ့ပြီး သူ့ကိုယ်သူ ကျားဖြူဂိုဏ်းနဲ့ ပြတ်ပြတ်သားသား စည်းတားခဲ့တယ်။ဒါကနိုင်းအနေနဲ့ ချမ်းအပေါ်မှာ ပြန်ပေးဆပ်နိုင်တဲ့ ပထမဦးဆုံး လက်တွေ့လုပ်ရပ်ပါပဲ။

ကျားဖြူဂိုဏ်းက ဦးဆောင်သူသခင်ကြီးလုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် တရုတ်ပြည်မှာပဲ ပိုအသက်၀င်လာခဲ့တယ်။လက်ဝေခံ အဖွဲ့အစည်းလေးတွေကို မြန်မာပြည်မှာ ချန်ထားခဲ့ပေမယ့် အဲ့ဒါတွေက အရှိန်နဲ့ တိုးတက်နေတဲ့ NC EMPIRE ဂိုဏ်းကို မကျော်လွန်နိုင်ခဲ့ဘူး။

ဟုတ်ပါတယ်။ NC EMPIRE က နိုင်းရဲ့အသစ်ပြန်ဖွဲ့လိုက်တဲ့ဂိုဏ်းအသစ်ဖြစ်ပြီး နိုင်းမရှိတဲ့ ငါးနှစ်အတွင်းမှာ ဖန်းဟိုင် ယန်ချန်းဘင်း တို့ကြိုးစားမှုကြောင့် မြေအောက်မှာတစ်ဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။နိုင်းပြန်ပြီးသတိရလာတဲ့အခါမှာတော့ ဘွားခနဲပေါ်လာပြီး ဂိုဏ်းအသေးအမွှားတွေကိုဝါးမြို ၊ပြိုင်ဘက်တွေကို တိုက်ခိုက်ပြီး မြန်မာပြည်ရဲ့ မြေပေါ်မြေအောက် အင်အားတစ်ရပ်အဖြစ် ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်ခဲ့တယ်။

NC EMPIRE လက်အောက် မြေအောက်မှာ မူးယစ်ဆေး တင်သွင်း/တင်ပို့တာ ၊လက်နက်တင်သွင်းတာနဲ့ အခြားအခြားသော လုပ်ငန်းတွေကိုလုပ်ဆောင်ပြီး မြေပေါ်မှာတော့ ကုန်တိုက်၊စား‌ေသာက်ဆိုင်၊ ဖျော်ဖြေရေးအေဂျင်စီ စတဲ့ လုပ်ငန်းခွဲတွေ များစွာကို ခွဲဖြာထားတယ်။

NC EMPIRE က အပေါ်ဆုံးသူ လက်ဝါးကြီးအုပ်တဲ့စနစ်ထက် လုပ်ဆောင်ချက်ပေါ် မူတည်ပြီးာရာခိုင်နှုန်းနဲ့ ပေးဆောင်တဲ့ အချက်ကို လက်ကိုင်ထားတာမလို့ အများစုက ဒီဂိုဏ်းနဲ့ သစ္စာရှိရှိ လက်တွဲချင်ကြတယ်။သေချာတာပေါ့၊လက်တစ်လုံးခြားနဲ့ သစ္စာဖောက်တဲ့သူတွေ၊ သတင်းနှိုက်ချင်တဲ့တွေ ဒီလူတွေအတွက်ကတော့ အပြန်လမ်းဟာကောင်းနိုင်မှာမဟုတ်ခဲ့။

"ဘေဘီ ကိုယ်သိချင်တာက ဘေဘီ ကိုယ်သတိမေ့နေတဲ့ ငါးနှစ်အတွင်း ကိုယ့်ကို လက်လျှော့ဖို့ဘာလို့ မတွေးခဲ့တာလဲ "

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Donde viven las historias. Descúbrelo ahora