ချမ်းမြေ့သာ တစ်ယောက် ခန္ဓာကိုယ်မှနာကျင်မှုတို့ကြောင့် ဆတ်ခနဲလန့်နိုးလာကာ မိမိကိုယ်ကိုစစ်ဆေးလိုက်သည်။အရိုင်းအစိုင်းကောင်၀တ်ပေးခဲ့သည့် အဖြူရောင် pyjamas ကို၀တ်ထားဆဲဖြစ်သည်။
ဖုန်းကအချိန်ကိုကြည့်တော့ တရုတ်စံတော်ချိန် မနက်10 နာရီတိတိထိုးနေပြီ။ရှိစုမဲ့စုအားကိုစုစည်းရင်းကုတင်ပေါ်မှ ကုန်းရုန်းကာထလိုက်သည်။
ဝုန်း...
စိတ်ကိုမနည်းစုစည်းထားသော်လည်း အားနည်းနေသေးသည့် ခန္ဓာကိုယ်ကမစွမ်းဆောင်နိုင်တော့။ချမ်းကုတင်ပေါ်မှဝုန်းခနဲကျသွားရတော့သည်။
နာကျင်လွန်းလှသည့် ခန္ဓာကိုယ်အနှံ့မှဒဏ်ရာများကြောင့် ဆက်ပြီးကြိုးစားဖို့ကလည်းမတတ်နိုင်တော့သဖြင့် ကုတင်ဘောင်ကိုမှီကာအသက်ကိုခပ်ပြင်းပြင်းလေးရှုလိုက်သည်။
၀င်သက်ထွက်သက်တို့ပုံမှန်ဖြစ်သည့်တစ်ခဏ သူ၏အတွေးတို့၌ စိုးမိုးနေသည်ကတစ်ခုတည်းသာ။
"နိုင်းကိုးရာဆိုတဲ့ကောင်ကို သေမတတ်မုန်းတယ် "
ရွှေဝါရောင်၀င်းလက်နေသည့် King Sizeအရွယ်ကုတင်ကြီး အပါအ၀င် တစ်ခန်းလုံးအပြည့်ခင်းထားသည့် နူးညံ့နေသည့် သားမွှေးအဖြူရောင်ကြီး၊ ရွှေရောင်သာ ခြယ်မှုန်းထားသည့်အခန်းတွင်းရှိပရိဘောဂများ၊ အရာရာက တလက်လက်နဲ့ မျက်စိကျိန်းချင်စရာကောင်းလောက်အောင် တောက်ပနေသည်။ ဒီအရာ တွေ အားလုံးကိုသူမုန်းသည်။ဒီပတ်၀န်းကျင်ကိုလည်းသူမုန်းသည်။
အခန်းနံရံကြီး၏အလယ်တွင် ချိတ်ဆွဲထားသည့် ရွှေဘောင်ကွပ် ဓာတ်ပုံကြီးထဲတွင် အနီရောင် suitကိုယ်စီဖြင့် လူနှစ်ယောက်။တစ်ယောက်က ပျော်နေဟန်ရှိသော်လည်း အခြားတစ်ယောက်ကမူတည်တင်းသောမျက်နှာရှိသည်။ထိုမျက်နှာသည် အသက်အရွယ်အရပို၍ငယ်ဟန်ရှိသော်လည်း ထွက်လာသည့် အရှိန်အဝါအရ အရာအားလုံးကို ဖိန့်ဖိန့်တုန်အောင်လုပ်နိုင်စွမ်းရှိသည်။
"သွားသေလိုက် နိုင်း ! မင်းမေ ိုးပဲ !"
ချမ်း ဘေးနားတွင်လဲကျနေသောပန်းအိုးကိုယူကာ ထိုဓာတ်ပုံကိုပစ်ပေါက်လိုက်သည်။ဓာတ်ပုံ၏မှန်ဘောင်မှာအရာပင်ထင်မသွားပဲ ပန်းအိုးသာတစစီကွဲထွက်သွားလေသည်။
KAMU SEDANG MEMBACA
I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)
RomansaCold Blooded Love Between Two Men . START DATE - 28 APRIL 2023 END DATE - 6 JUNE 2024