Epi 12 [Unicode + Zawgyi]

20.4K 1K 110
                                    

Unicode

ချမ်း စံအိမ်ရောက်တာနဲ့အိပ်ပျော်သွားလိုက်တာ တော်တော်ကြာသွားသည်။ညဘက်ကကိစ္စတွေကြောင့်အများကြီးပင်ပန်းသွားခဲ့ရတာက အိုင်ဒေါမဖြစ်ခင် ထရိန်နင်ဘ၀ကလေ့ကျင့်မှုတွေထက်ပိုပြီး ပင်ပန်းလေသလား ချမ်းမပြောတတ်။ဒါပေမယ့် အသည်းခိုက် မတတ်အောင်နာကျင်ပြီး သွေးသားချင်းနှီးနှောကြတဲ့အခါ ဖြစ်လာတဲ့ ထူးဆန်းတဲ့ခံစားချက်ကြီးတစ်ခုကချမ်းအတွက်တော့ လုံး၀အသစ်အဆန်းပင်။အခုလည်း နိုးသာနိုးလာတာ တစ်ကိုယ်လုံးနာကျင်မှုကရှိနေဆဲ။

"အာ့ "

ကိုယ်လုံးကို တစ်ချက်စောင်းပြီးနာရီကိုကြည့်လိုက်တော့ ည ၈နာရီ ၁၅ မိနစ်ကျော်နေပြီ။ချမ်းလည်း ကုန်းရုန်းထဖို့အလုပ် စူးခနဲအောင့်တက်လာတဲ့ အောက်ပိုင်းဆီကဒဏ်ရာကြောင့် ကျစ်ခနဲကျိန်ဆဲလိုက်ရင်း ငုတ်တုတ်ထိုင်ကာ သေချာမပွင့်‌ေသးတဲ့မျက်လုံးကိုပွတ်သပ်နေတုန်း အခန်းရဲ့ထောင့်စားပွဲကကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ ဟို အကောင်။မျက်မှန်အနက်ရောင်ကိုင်းကိုတပ်ထားတဲ့ကောင်က ကွန်ပျူတာကို သေချာအာရုံစိုက် ကြည့်နေပြီး ချမ်းနိုးလာတာကိုလည်း သိပုံမရ။

ညအိပ်၀တ်စုံအနက်ရောင်မှိုင်းမှိုင်းကိုသေချာ၀တ်ထားတဲ့ကောင်က မျက်မှန်တပ်ပြီး ကွန်ပျူတာကိုသေချာကြည့်နေတော့ အကျင့်မကောင်းတဲ့ကောင်လို့ မထင်ရတဲ့အထိတမူထူးခြားနေ၏။

ချမ်း အရိုင်းအစိုင်းကောင်ကို ကြည့်နေတုန်းမှာပဲ သူလည်း ချမ်းကိုဘက် လှည့် ကြည့်လာပြီး တစ်ချက်ပြုံးကာ

"နိုးနိုးချင်း...ဘာလို့ ကျုပ်ကိုအဲ့လောက်ကြည့်နေတာလဲ ၊ကျုပ်ကို တအားကြွေနေပုံပဲ"

"မင်းဖေပဲကြွေနေလိုက် "

"ကျုပ်ဖေကတော့ ဘယ်ကြွေမလဲ .သေချာပေါက် ခင်ဗျားကပဲ ခင်ဗျားယောကျာ်းဖြစ်တဲ့ ကျွန်တော့်ကို ကြွေရမှာပေါ့ "

"သောက်ရေးမပါတာ "

ချမ်းမျက်နှာကို တည်လိုက်ပြီး အဲ့ကောင်နဲ့ဆက်မငြင်းချင်တော့တာမို့ တစ်ဖက်ကိုလှည့်လိုက်ပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။ဘယ်သောအခါမှ စကားကိုအတည်အတံ့ပြောလို့မရတဲ့အထဲမှာ နိုင်းကိုးရာဆိုတဲ့ကောင်ကထိပ်ဆုံးက။အမြဲတမ်း ခင်ဗျားယောကျာ်း၊ခင်ဗျားရဲ့ အိမ်ထောင်ဦးစီး....ဒါတွေပဲ ထပ်အောင်ပြောနေပြီး ကိုယ်ရေသွေးနေတာမလျှော့တဲ့ကောင်က သောက်ချီးလိုပဲ အမြင်ကပ်ဖို့ တော်တော်လေး အဆင်ပြေတဲ့အထဲပါသည်။

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Donde viven las historias. Descúbrelo ahora