Epi 5 [Unicode + Zawgyi]

28.9K 1.4K 40
                                    

Unicode

ချမ်း အသိစိတ်က မိမိကိုတစ်ခုခုကတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်နေတယ်လို့ ခံစားနေရသဖြင့် ရုန်းထွက်ကြည့်သည်။ဒါပေမယ့် မရ။ဆုပ်ကိုင်ထားတဲ့အရာက ချမ်း ရုန်းလေ ပိုပြီးတင်းကြပ်လာလေပဲ။ချမ်း ကြာတော့ မနေနိူင်တော့ဘဲ အသက်ရှုရတာပင်ကြပ်လာပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။

ဘုရားရေ ! ချမ်း မျက်စိဖြင့်မြင်လိုက်ရတာကိုပင်မယုံနိုင်ဖြစ်နေသဖြင့် မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်ကြည့်သည်။ အခြေအနေကမပြောင်းလဲ။

ချမ်းက အရိုင်းအစိုင်းကောင်နိုင်းရဲ့ ရင်ခွင်ထဲရောက်နေသည်လေ။နောက်ပြီး ဟိုကောင်ကလည်း သူ့ကို ဖက်ထားလိုက်တာမှ တင်းကြပ်နေတာပဲ။ချမ်းအထင် သူ့ကို ဖက်လုံးနဲ့အထင်မှားပြီး ဖက်နေတာဖြစ်ရမည်။ချမ်း ရုန်းလေ အရိုင်းအစိုင်းကောင်ရဲ့လက်တွေကပိုပြီး တင်းကြပ်လာလေမလို့ ခဏလောက်အမောဖြေဖို့ ဆုံးဖြတ်လိုက်သည်။

ထို့နောက် ဟိုကောင့် လက်မောင်းကြီးကိုအပေါ်သို့နည်းနည်းစီမလိုက်ရင်း ချမ်း ကိုယ့်ကိုကိုယ်အောက်သို့လျှောချကာ အိပ်ယာပေါ်မှ ထလိုက်ရသည်။အရိုင်းအစိုင်းကောင်ကတော့ နိုးမလာသေး။ ချမ်း နာရီကိုကြည့်မိတော့ မနက် ၅ နာရီခွဲသာရှိသေးသည်။ မြန်မာပြည်မှာဆိုရင် ချမ်းဒီအချိန်တိုင်း လမ်းလျှောက်ရင်လျှောက် မလျှောက်ရင် ကုမ္ပဏီရောက်နေမှာဖြစ်သည်။

ချမ်းတို့ Idol တွေရဲ့ဘ၀က နေ့တိုင်း မနက်ကနေညအထိ အချိန်ဇယားအပြည့်ဖြင့် အလုပ်ကိုဆက်တိုက်လုပ်နေရတာဖြစ်သည်။ထိုကြားထဲကောလဟာလကလည်းအထွက်ခံလို့မရ။ပြောရရင်တော့ လူဖြစ်နေရက်နဲ့အနေကျဉ်းကြပ်၊အစားကျဉ်းကြပ်ဘ၀မျိုးပင်။ဒီလိုပြောလို့ ချမ်း Idol ဘ၀ကို မကြိုက်တာမဟုတ်။ချမ်းရဲ့ငယ်ဘ၀အိပ်မက်တစ််ခုလုံးက ဤအရာဖြစ်သည်မို့ ချမ်းဘယ် လောက်ပဲ ပင်ပန်းနေပါစေ ချမ်းရဲ့ ပရိတ်သတ်တွေနဲ့ တွေ့နေရရင်ချမ်းပျော်တယ်။ ချမ်း စင်ပေါ်မှာ သီချင်းဆိုနေရမယ်၊ကခုန်နေရမယ်၊ ပရိတ်သတ်တွေနဲ့အမြဲထိတွေ့‌ နေရမယ်ဆို ချမ်းဒီအလုပ်ကိုပျော်ပျော်ကြီးဆက်လုပ်နေဦးမှာဖြစ်သည်။

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Donde viven las historias. Descúbrelo ahora