Epi 11 [Unicode + Zawgyi]

21.8K 1.1K 67
                                    

!!18+ scenes warning!!

[18+ scenes အလွန်အကြူးပါတဲ့အတွက် အဆင်မပြေသူများက ဒီအပိုင်းကိုမဖတ်ဖို့တောင်းဆိုပါတယ်။ မိုင့်လိုအပ်ချက်ကြောင့်အရေးအသား အမှားပါရင်တောင်းပန်ပါတယ်။]

Unicode

တစ်ဖက်ကနေလိုလိုလားလား စတင်နမ်းလာတာဖြစ်နေပေမယ့် ကိုယ်က သူ့ကိုအကောင်းဆုံးထောက်ပံ့မှာမို့ သူ့ဘက်ကလက်ခံခဲ့တာ ဆိုတဲ့စကားကိုကြားလိုက်တဲ့အခါမှာတော့ နိုင်းရင်ဘတ်ထဲနည်းနည်းတင်းကြပ်သွားပြီး တစ်ပြိုင်နက်ပင် ထောင်းခနဲပင်စိတ်တိုသွားရ၏။ဘာကြောင့် စိတ်ကဒီလိုကြီးဖြစ်နေမှန်းသိပေမယ့် အပြည့်အ၀လည်းစိတ်မပျော်နိုင်သလို စိတ်ဆိုးနေတာလည်းမဟုတ်။နိုင်းကဒီအတိုင်း အချိုးမပြေပြောတတ်တဲ့ ဒီလူရဲ့ နှုတ်ခမ်းတွေကိုဆုံးမချင်တာဖြစ်သည်။

ဒါကြောင့်ပဲ နိုင်း တစ်ဖက်လူရဲ့ နှုတ်ခမ်းကို တရှိုက်မက်မက်နမ်းရင်း နှုတ်ခမ်းရဲ့အတွင်းသားတွေကိုပါ လျှာဖြင့်လှည့်ပတ်စားသုံးလိုက်၏။ချမ်းမြေ့သာရဲ့နှုတ်ခမ်းခပ်ပါးပါးလေးက သောက်လေသောက်လေ ငတ်မပြေဆိုသလိုပဲ တင်းတိမ်နိုင်ဖွယ်မရှိတာမို့ နမ်းတာကိုမရပ်နိုင်တာကတော့ သူ့အပြစ်မဟုတ်။

နှုတ်ခမ်းနှစ်ခုကတစ်ခုတည်းပေါင်းတော့မလို ကြာရှည်တဲ့ စုပ်ယူမှုကိုလုပ်ဆောင်လျက်။ပိုပြီးကြာလေ ပိုပြီးပြင်ထန်လေဖြစ်ပြီး လျှာ နီနီနှစ်ခုဟာရောထွေးရစ်ပတ်နေတော့၏။

"အွန့်.... "

ချမ်းမြေ့သာက နမ်းတာတအားကြာနေလို့ ကိုယ့်ကိုလက်နဲ့ရိုက်ပုတ်နေပေမယ့် နိုင်းမရပ်လိုက်ချင်လို့ မသိချင်ယောင်ဆောင်လိုက်ပြီး ဆက်သာနမ်းနေလိုက်သည်။

"အွန့်.....အင်း..အင်း...."

နမ်း‌ေနရင်းက နေ တစ်ဖက်လူကို နိုင်းကြည့်လိုက်တော့ ခပ်လှလှ မျက်လုံးထောင့်လေး တွေကမျက်ရည်လေးတွေပင်စို့နေတာကို မြင်လိုက်ရသည်။
ထိုအခါမှသာ နိုင်း ရပ်လိုက်ဖို့တွေးပြီး ရစ်ပတ်နေတဲ့လျှာကို ပြန်ရုတ်သိမ်းကာ ချမ်းမြေ့သာရဲ့ အပေါ်နှုတ်ခမ်း ပါးလေးကို ကိုက်ကာလွှတ်ပေးလိုက်သည်။

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Donde viven las historias. Descúbrelo ahora