Unicode
နိုင်း ကားမှန်ကနေကြည့်လိုက်တော့ နောက်ယောင်ခံလိုက်လာတဲ့ကားက တစ်စီးတည်းဟုတ်မနေ။အနက်ရောင်ကားလေးစီး တိတိ။
"ကျစ်...ငါ့ကိုသောက်အာရုံနောက်အောင်လုပ်တဲ့နေရာမှာတော့ သောက်ရမ်းတော်ကြတဲ့အဖွဲ့ !"
စတီယာရင်ကိုကိုင်ထားတဲ့ နိုင်းရဲ့လက်တွေက သွေးကြောစိမ်းတွေထင်းခနဲဖြစ်နေပြီး အခုဒေါသထွက်တော့ အကြောတွေကပိုပြီးပင်ထောင်ထနေသယောင်။နိုင်း တစ်ညလုံး ဟိုလူ့ဆီကနေ သာယာမှုရောစိတ်ချမ်းသာမှုရော အကုန်လုံးရခဲ့တာဖြစ်လို့ ပျော်ပျော်ကြီးနဲ့ အလုပ်သွားဖို့လုပ်နေတာ။
အိပ်ပျော်နေတဲ့သူကိုတောင် ချက်ချင်းနှိုးရင် သူအဆင်မပြေဖြစ်မှာစိုးလို့ ပင်မစံအိမ်တော်မှာထားခဲ့ရတာ။ ကြည့်ရတာ ဒီတစ်ခါလည်း သူဆုံးဖြတ်ချက်မှန်သွားပြန်သည်။အမှိုက်တွေကို ရှင်းတဲ့နေရာမှာ သူတစ်ယောက်တည်းဆိုရင်ကိစ္စမရှိပေမယ့် သူ့သက်ဆိုင်သူပါနေရင်တော့ လုံး၀ကွဲပြားသွားပြီ။ ချမ်းမြေ့သာဆိုတဲ့လူက အိုင်ဒေါလို့ ပြောစရာမလိုအောင် နုဖတ်ပြီးရွှေပေါ်မြတင်ထားရအောင်အထိ အထိခိုက်မခံတဲ့သူမျိုး။ သူ မာကင်ရာပေးရင်တောင် ခပ်ဖိဖိလေးကိုက်တာနဲ့ အနီရောင်ကနေ ပြာနှမ်းနေပြီဖြစ်တာမျိုး။
နိုင်း မောင်းနေတဲ့ကားကို ဘရိတ်စောင့်အုပ်ပြီးနောက်ကို ပြန်လှည့်လိုက်သည်။ကားက ကျွီခနဲအသံရှည်ကြီးမြည်ကာ တစ်ပတ်လည်သွားပြီး အနောက်ကနောက်ယောင်ခံလိုက်နေတဲ့ကားတွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
တစ်ဖက်က ကားပေါ်မှာက တစ်ကားကိုအနည်းဆုံးငါးယောက်ကနေခြောက်ယောက်အထိပါလာပုံရတယ်။ နိုင်းကို မထီတဲ့ပုံစံနဲ့ ဝိုင်းကြည့်နေကြပြီး တချို့ကလည်း သူတို့ နောက်ယောင်ခံလိုက်တာကို ချက်ချင်း အနံ့ခံမိတဲ့ နိုင်းကိုးရာဆိုတဲ့ကောင်ကို ဖြုံသွားကြတာတော့ အမှန်။ ပထမကားပေါ်က ကတုံးနဲ့ကောင်က လက်ထဲကသေနတ်ကို နိုင်း မြင်သာအောင်ထောင်ပြပြီး ရွဲ့ပြုံးပြုံးလိုက်သေးသည်။
ကတုံးနဲ့ကောင်ကို ကြည့်တာနဲ့ ဒီလူတွေအားလုံးက ယန်းမိသားစုအိမ်တော်ခွဲကကောင်တွေဆိုတာကို နိုင်းချက်ချင်းသိလိုက်သည်။ အထူးသဖြင့် ဒီကတုံးကောင်။ ဒီကောင်က မစ္စယန်းရဲ့ လက်ကိုင်တုတ်။ အရင်တစ်ခါအပေးအယူကိစ္စမှာ နိုင်းတို့ကိုတစ်ပတ်လှည့်ဖို့ ကြိုးစားတာမအောင်မြင်လို့ နိုင်းကို အငြှိုးထားပုံရသည်။အဟွန်း...ကြည့်ရတာ နိုင်းဆိုတဲ့ကောင်ကို လွယ်လွယ်နဲ့ ရိုက်ချနိုင်မယ်ထင်နေကြပုံပဲ။ ကျားမှန်းသိအောင်အစွယ်ပြရုံမျိုးတော့ နိုင်းဆိုတဲ့ကောင်ကမလုပ်တတ်။ ဒီကောင်ရဲ့လမ်းကိုလာရှုပ်ရင် တစ်ခါတည်းအရေခွံစုတ်ပြီးခြေနင်းလုပ်လိုက်မယ့်ကောင်မျိုး !
![](https://img.wattpad.com/cover/340526212-288-k197526.jpg)
YOU ARE READING
I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)
RomanceCold Blooded Love Between Two Men . BLACK FLAG TOP (♡ω♡ ) START DATE - 28 APRIL 2023 END DATE - 6 JUNE 2024