Epi 3

31.1K 1.5K 106
                                    

ကားပေါ်ရှိနိုင်းကိုးရာ၏အသွင်အပြင်က ဘယ်ကောင်မှ အခုအချိန် လာမထိနဲ့ဆိုတဲ့ဆိုဒ်ဖြစ်နေသည်။ ပုံမှန်ချိန် လေးနက်နေသော မျက်၀န်းတစ်စုံက ဒေါသကြောင့် ပို၍မဲနက်နေပြီး မျက်ခုံးထူထူနှစ်ဖက်က တွန့်ချိုးလျက် တစ်စုံတစ်ခုကို အလိုမကျနေသည်မှာ ထင်ရှားသည်။

လက်တစ်ဖက်က ပါလာသည့် ပစ္စတိုကို တင်းကျပ်စွာကိုင်နေပြီး ချက်ချင်းပင်တစ်စုံတစ်ယောက်ကို ထသတ်တော့မည့်ပုံ။ဒါပေမယ့် နိုင်းကိုးရာ မှာ အချိန်မတိုင်ခင် ပေါက်ကွဲတတ်တဲ့အကျင့်မရှိ။ ဖြစ်ပေါ်လာတဲ့ ခံစားချက် တွေကို သင့်တော်တဲ့အချိန်ကိုစောင့်ဆိုင်းပြီးမှသာ ပေါက်ကွဲလေ့ရှိသည်။

ယခုလည်း အိမ်တော်ကဖုန်းဆက်လာသည်။ချမ်းမြေ့သာတစ်ယောက် ဝုန်းဒိုင်းဆန်ကာပေါက်ကွဲနေပြန်သည်တဲ့။ နိုင်းအနေနဲ့ ကိစ္စတစ်ခုကို ထပ်ချည်းတလဲလဲရှင်းပြရတာနဲ့ စိတ်ဆိုးနေတဲ့သူကိုချော့ရတာအမုန်းဆုံးဖြစ်သည်။နောက်ပြီး...ဒီလိုမျိုး ဝုန်းဒိုင်းဆန်နေတဲ့ကိစ္စမျိုးကို နိုင်းအမုန်းဆုံးပဲ။

ရှေ့ဆက်ပြီး နိုင်းရဲ့လက်တွဲဖော်၊ ကျားဖြူအိမ်တော်ရဲ့ သမက်အဖြစ် ဘယ်လို နေတော့မလဲကို တွေးရင်းနိုင်းခေါင်းခဲရသည်။ ဒါကလည်းအိမ်တော်ကိုစိတ်အားနာတာကြောင့် မဟုတ်ဘဲ သူကိုယ်တိုင် နေထိုင်ရမည့်ပတ်၀န်းကျင်တွင် လိုက်လျောညီထွေမဖြစ်ဘဲ ကိုးလို့ကန့်လန့်ဖြစ်နေမှာကို တွေးမိသောကြောင့်။

"ဘော့စ် နေရာကိုရောက်ပါပြီ"

Cheng၏အသိပေးမှုကြောင့် မူလတွေးနေရာမှ နိုင်း ရုန်းထွက်လာကာ ခေါင်းညိတ်ပြလိုက်သည်။

ရှေ့ခပ်လှမ်းလှမ်းရှိဂိုထောင်ရှေ့တွင် ကားအချို့ရပ်ထားပြီး နိုင်းတို့ကိုစောင့်နေသည့်ဟန်။ကားကအနီးကပ်ရောက်လေ မြင်ရသည့်မြင်ကွင်းကရှင်းလင်းလေဖြစ်သည်။လူအုပ်၏အလယ်တွင်ရှိနေသည်က တရုတ်ရိုးရာ၀တ်စုံကို စတိုင်ကျစွာ၀တ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ယောက် ။ဘေးပတ်၀န်းကျင်ရှိ လူများ၏အခြေအနေကို ကြည့်ရုံနှင့်သူမသည် ဤအုပ်စု၏ခေါင်းဆောင်ဖြစ်ဟန်တူကြောင်း ခန်းမှန်း၍ရသည်ပင်။

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Opowieści tętniące życiem. Odkryj je teraz