Epi 19 [Unicode + Zawgyi]

14K 614 20
                                    

Unicode

"ဘုန်း...ဘုန်း...ဘုန်း "

အခန်းတံခါးကိုအပြင်ကနေ တဘုန်းဘုန်းနဲ့ထုနေတာမို့ ချမ်းစိတ်မရှည်စွာနဲ့ ကျစ်ခနဲစုတ်သပ်လိုက်သည်။ဘယ့်နှယ်ကြောင့် အဲ့လောက်အထိအလျင်စလိုဖြစ်နေရတာလဲ ! စိတ်မရှည်တတ်တဲ့ကောင်တွေကို အဲ့တာကြောင့် ချမ်းကြည့်မရတာ။

တံခါးကို ထုတဲ့အသံတွေက ပိုပြီးပြင်းလာတာနဲ့ ချမ်းတစ်ယောက် ဆိုဖာပေါ်ထိုင်ရာကနေထပြီး တံခါးသော့ကိုဖွင့်ပေးဖို့လုပ်လိုက်ရတော့သည်။ကြည့်ရတာ အပြင်ဘက်ကတစ်ယောက်က သူမှ ထဖွင့်မပေးရင် တံခါးကို ကန်ချပြီးလာတော့မယ့် ပုံစံကိုပြေးမြင်နေတာမို့။

ချမ်းသော့ဖို့ ဖွင့်ပြီး တံခါးလှပ်ပေးလိုက်သည်။

"ဘာဖြစ်လို့ အဲ့လောက်အထိ အရေးတကြီးတံခါးကို ပေါက်ထွက်မတတ်ထုနေတာလဲ "

"ချမ်းမြေ့သာ ! "

ဟိန်းခနဲထွက်လာတဲ့အသံနဲ့အတူ နိုင်းကိုးရာက တံခါးအပြည့်အ၀ပွင့်တာတောင်မှမစောင့်နိုင်တော့ဘဲ ချမ်းကို တွန်းလွှတ်ပြီး ကွန်ဒိုထဲကိုပြေး၀င်သွားသည်။

"ဘာတွေသိချင်နေတာလဲ နိုင်းကိုးရာ ၊ ငါကဒီမှာလေ "

ချမ်းက အလောတကြီးနဲ့အိပ်ခန်းဘက်ကိုပြေးသွားတဲ့ နိုင်းကိုးရာကို ကြည့်ပြီး နည်းနည်းလောက်ပြုံးမိသွားသည်။ပျာယာခတ်နေတဲ့အကောင်က ၀တ်လာတဲ့ကုတ်အရှည် သူ့ကျောပေါ်ကပြုတ်ကျတာကိုတောင်ဂရုမစိုက်အား။

ချမ်းနောက်ကနေအသာလေးလိုက်သွားလိုက်သည်။
နိုင်းက အိပ်ခန်းရဲ့တံခါးလက်ကိုင်ကိုဖွင့်ဖို့လုပ်ပြီးမှနောက်ဘက်မှ ချမ်းကိုစူးစူးရဲရဲကြည့်လိုက်၏။

"ဘာလဲ ? "

ချမ်းကမေးငေါ့ပြလိုက်ရင်း ဘေးနားကစားပွဲပေါ်မှာရှိနေတဲ့ရေခွက်လေးကိုကောက်မော့လိုက်သည်။

" ချပ် "

ချမ်းရေခွက်လေးကိုကိုင်ရင်း နိုင်းကိုးရာတံခါးအလှပ် သူ့နောက်ကနေ၀င်သွားလိုက်သည်။အိပ်ခန်းက ကျယ်၀န်းလှတဲ့ master bedroom ဖြစ်ပေမယ့်အခု ကြည့်ရသလောက်တော့ ထင်သလောက် ကျယ်နးမနေတော့ဘဲ ပြန့်ကျဲနေတဲ့ အ၀တ်အစားတွေအပြင် မွှန်ထူနေတဲ့ ရနံ့တစ်ခုက လွှမ်းခြုံလို့နေသည်။
နိုင်းကမျက်မှောင်ကြုံ့ပြီး ချမ်းကတော့ အသာအယာလေးခိုးပြုံးလိုက်သည်။

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Where stories live. Discover now