Epi 26 [Unicode + Zawgyi]

7.1K 353 5
                                    

Unicode

ချမ်းဆိုဖာပေါ်ထိုင်ရင်း အမြန်ပြေးထွက်သွားသည့် နဒီ့ကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။ဘာဖြစ်လို့အဲ့လောက်တောင် အလျင်စလိုဖြစ်နေရပါသနည်း။နိုင်းကိုးရာရဲ့ အလုပ်ခန်းထဲ မကောင်းဆိုးရွားတွေရှိနေသလို ကြောက်အားလန့်အားနဲ့ ထွက်ပြေးသွားပုံထောက်...

နိုင်းကိုးရာ လူယုတ်မာ က သေနတ်တွေဘာတွေပြပြီးများခြိမ်းခြောက်လိုက်တာလား။

AN -  အရမ်းရိုးသားတာပဲကိုချမ်းရယ် >^<

ဖန်းဟိုင်ကထရပ်လိုက်ပြီး ချမ်းကိုခေါ်ရင်း အလုပ်ခန်းတံခါးကိုခေါက်လိုက်သည်။

"ဘော့စ် ဘော့စ်ကတော်ရောက်လာပါတယ်"

ဖန်းဟိုင်ကတံခါးကိုမဖွင့်သေးဘဲ ချမ်းကိုသွားဖြဲပြလေသည်။ဒင်းတို့ရဲ့ဘော့စ်နဲ့ လက်ထပ်ထားသော်လည်း အလုပ်ခန်းထဲသို့ အလွယ်တကူ ပေး၀င်ချင်ပုံမရပေ။ ချမ်းကလည်း အဲ့ဒီအတွက် ဘာကိုမှ အထွန့်တက်လိမ့်မည်မဟုတ်။

" ၀င်ခဲ့ "

အခန်းထဲမှ နိုင်းကိုးရာ၏ အက်ရှရှအသံကထွက်ပေါ်လာပြီးနောက် ဖန်းဟိုင်ကတံခါးဖွင့်လိုက်သည်။

နိုင်းကိုးရာရဲ့ အလုပ်ခန်းက နည်းနည်းတော့ အုပ်အုပ်မှိုင်းမှိုင်းနဲ့ စိတ္တဇဆန်ကာ တစ်ပြိုင်နက်မှာပဲ အန္တရာယ်များသည့် အငွေ့အသက်များကိုပေးစွမ်းနေပေသည်။

"ဘေဘီ ဘာဖြစ်လို့၊ ကိုယ့်ကို ဖုန်းဆက်လိုက်ရောပေါ့"

နိုင်းကိုးရာက အလုပ်စားပွဲမှ ထလာကာ သူ့လက်ကိုကိုင်ပြီး ထိုင်ခုံပေါ်ထိုင်ခိုင်းလေသည်။ဖန်းဟိုင်ကတော့ ထွက်သွားချေပြီ။

"ဘာလဲ ငါက မင်းရဲ့အလုပ်ခန်းကို မလာရဘူးလား"

"အဲ့လိုမဟုတ်ဘူးလေကွာ၊ ဘေဘီပင်ပန်းမှာစိုးလို့ပါ"

နိုင်းကိုးရာရဲ့စကားတွေ သိပ်ပြီးမူမမှန်ပေမယ့်လည်း ချမ်းတစ်ယောက် လျစ်လျူ ရှုလိုက်ကာ လိုရင်းကိုပဲမေးဖို့ဆုံးဖြတ်လိုက်သည်။

" နောက်လအတွက် နဒီ က ငါ့ကို အကောင်းဆုံးအရင်းအမြစ်တွေထဲက လက်ရွေးစင်တချို့ရှာပေးလာတယ်၊အဲ့ဒီအထဲကမှ ငါ ကြိုက်တာ တစ်ခုတွေ့ထားတယ်"

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Donde viven las historias. Descúbrelo ahora