Epi 20 [Unicode + Zawgyi]

14.4K 576 15
                                    

Unicode

" အဲ့တာလေး ဘေဘီနဲ့လိုက်သားပဲ "

".........."

"နမ်းတဲ့အခန်းပါမှာလား"

"No "

"မင်းသမီးကချောလား"

"..........."

"မင်းသမီးကဘယ်သူလဲ "

"ရိုစီရှင်းယာ"

"အသက်ကရော "

ချမ်း တီရှပ်လေးကို ခေါင်းမှာကောက်စွပ်လိုက်ပြီးတဲ့နောက် စားပွဲပေါ်ကဖုန်းလေးကိုကောက်ယူကာ စောက်ရမ်းစကားများတဲ့သကောင့်သားကို ဘုကြည့် ကြည့်လိုက်သည်။ နိုင်းကိုးရာက စောက်ကျိုးနည်း မာဖီးယားတစ်ကောင်။ အလုပ်အတွက် လောနေမျိုးသူ့မှာ မရှိသလို အလုပ်အတွက်စိုးရိမ်ရတာမျိုးလည်းမရှိ။ တစ်ခါတစ်လေတော့လည်း ချမ်းတစ်ယောက် နိုင်းကိုးရာလိုမျိုး မာဖီးယားဖြစ်ချင်မိသား။ သို့ပေသိ ဤနွားက လွန်စွာ စကားများ အမေးအမြန်းထူရကား ချမ်းကိုခေါင်းကိုက်စေသည်။

"တော်တော်အားနေတာလား နိုင်းကိုးရာ "

"ကိုယ် ခဏနေရင်အလုပ်သွားရမယ်လေ၊ဘာဖြစ်လို့လဲ "

"အရမ်းအားနေတယ်ထင်မိလို့"

ချမ်းကပြတ်တိပြတ်တောင်းသာ ဖြေလိုက်ပြီးအခန်းအပြင်ကိုထွက်သွားတော့ ‌နိုင်းကအိပ်ယာပေါ်ကဝုန်းခနဲထကာ ချမ်းရဲ့ခါးလေးကိုသိမ်းဖက်လိုက်သည်။

"နိုင်းကိုးရာ ! "

"ဟန်နီလို့ခေါ် "

ချမ်းနှာမှုတ်လိုက်ကာရုန်းဖို့လုပ်လိုက်သည်။

"ဘေဘီ ကိုယ့်ကိုဟန်နီလို့ခေါ်မလား အခုနေရာမှာတင် ရှုတင်မသွားဘဲ တစ်ပွဲတစ်လမ်းနွှဲလိုက်ကြမလား ..."

ချမ်းစိတ်တိုသွားကာ နိုင်းကိုမျက်စောင်းကြီးခဲပစ်လိုက်သည်။အလုပ်သွားခါနီးတောင် ကြည်နေတဲ့သူ့စိတ်ကို မညစ် ညစ်အောင်စွနိုင်လွန်းသည်။

"ဘာဖြစ်ချင်နေတာလဲ နိုင်းကိုးရာ ! "

"ဟန်နီလို့အခေါ်ခံချင်တာ "

နိုင်းက ချမ်းရဲ့ ပခုံးပေါ် မျက်နှာအပ်ရင်း အနီရောင်သန်းလာတဲ့ နားရွက်လေးကို ဖွဖွလှမ်းကိုက်လိုက်သည်။

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Où les histoires vivent. Découvrez maintenant