Epi 21 [Unicode + Zawgyi]

12.4K 521 5
                                    

Unicode

"ဒီနေ့အဆင်ပြေခဲ့လား ဘေဘီ "

"ပြေပါတယ် ဒါကမပြေရင်တောင် တစ်ဘ၀လုံးငါဆက်လုပ်သွားမယ့် ငါ့အသက်မွေး၀မ်းကြောင်းအလုပ်ပဲ "

ချမ်းက Hair dryer ကိုဖွင့်လိုက်ပြီးတဲ့နောက်ဆံပင်ကိုအခြောက်ခံဖို့လုပ်လိုက်သည်။

"ပေး ကိုယ်လုပ်ပေးမယ် "

"ရပါတယ် "

"ကျစ် "

"ရော့ အင့် သေချာလုပ် ငါ့ဆံပင်တစ်မွှေးလောက်ကျွတ်တာနဲ့ငါခွင့်မလွှတ်ဘူး "

နိုင်းကရယ်လိုက်ပြီး Hair dryer ကိုဖွင့်ကာဆံပင်လေးတွေကိုကိုင်ရင်း လုပ်ငန်းကိုစလိုက်သည်။

"ဘေဘီ့ ဆံသားတွေက မွှေးပြီး ပျော့ပျောင်းနေတာပဲ ၊ ကိုယ်လုပ်ချင်တယ် "

နိုင်းက ချမ်းရဲ့ဆံနွယ်လေးကို နမ်းရှိုက်ရင်းပြောလိုက်သည်။

ချမ်း ရှိသမျှအမွှေးအကုန်ထောင်သွားသလိုပင်။ခန္ဓာကိုယ်လေးက နဂိုထိုင်ခုံပေါ်မှီနေရာကနေ ပတ်သွားပြီး နိုင်းလက်ထဲကနေ Hair dryer ကိုဆွဲလုကာ

"မင်း လစ်လိုက်တော့၊ငါ့ဘာသာဆက်လုပ်မယ် နှာဘူးကောင် ! ခေါင်းထဲ ဒီအတွေးတွေပဲ ပြည့်နေတာ "

"စတာပါ ဘေဘီရ ၊ ပေး dryer ကိုယ်တက်လုပ်ပေးမယ် "

"ဘာပြောတယ် ! "

"ကိုယ်ဆက်လုပ်ပေးမယ်လို့ ဟဲ ဟဲ "

"အဟမ်း... စကားကို ကြည့်ကြပ်ပြော မရိုင်းနဲ့ ငါမင်းထက် အသက်အများကြီးကြီးတယ် "

"ဘေဘီက ကိုယ့်ဘေဘီပဲ အမြဲတမ်း "

"တော်စမ်းပါ "

ချမ်း နောက်ဆုံးမှာတော့ ကိုယ်တိုင်ပဲ ခေါင်းလိမ်းဆီလိမ်းရင်း ထိုင်ခုံမှထကာ ဆိုဖာပေါ်ပြောင်းထိုင်ပြီး dialogue တွေဖတ်ဖို့လုပ်လိုက်သည်။ ချမ်းရဲ့အကျင့်အရ တစ်ခုခုကိုအာရုံစူးစိုက်ပြီးလုပ်နေတဲ့အခါ မျိုးမှာ ပတ်၀န်းကျင်ကိုမေ့ထားတတ်ပြီး ထိုအရာပေါ်တွင်သာ စိတ်နှစ်တတ်လေသည်။

နိုင်းကချမ်းကိုကြည့်လိုက်ရင်းပြုံးရုံသာပြုံးပြီး အခန်းထဲကထွက်သွားလိုက်သည်။

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Où les histoires vivent. Découvrez maintenant