Epi 16 [Unicode + Zawgyi]

16.4K 894 101
                                    

Unicode

မမငယ်ကဟိုတယ်ရောက်ခါနီးပြီလို့ဖုန်းဆက်တာနဲ့ချမ်း တွန့်နေတဲ့အင်္ကျီစ‌လေးဆွဲဆန့်ရင်း ကုတင်ပေါ်မှာစက်တော်ခေါ်နေတဲ့သကောင့်သားကိုနှိုးဖို့ပြင်ရသည်။တော်ကြာ မမငယ်ရောက်တဲ့အထိ ပက်လက်ကြီးဆိုရင်ယဉ်ကျေးမှုမရှိဖြစ်ပြီး ချမ်းက မမငယ်အရှေ့မျက်နှာပျက်ရဦးမည်။

ချမ်းဆိုဖာပေါ်မှထကာ ကုတင်နားသို့သွားပြီး သကောင့်သားကိုလှုပ်နှိုးလိုက်သည်။လှုပ်နှိုးတယ်သာပြောတာပါ တစ်ကယ်က နိုင်းကိုးရာဆိုတဲ့ကောင်ရဲ့လက်မောင်းကြီးကိုချမ်းကလက်ညှိုးနဲ့ တို့ကနန်းထိကနန်းလုပ်ရင်း ပါးစပ်ကနေတတွတ်တွတ်ပြောနေချင်းပင်။

"ဟေ့ကောင်...ထတော့၊ဧည့်သည်တွေရောက်လာတော့မယ်"

သကောင့်သားကလှုပ်တောင်မလှုပ်တဲ့အပြင်ကိုဟိုဘက်ကိုတောင်လှည့်သွားပြန်သည်။ချမ်းမျက်‌မှောင်ကြုပ်လိုက်ရင်း ကုတင်ရဲ့ တခြားဘက်ကိုသွားကာနှိုးဖို့ကြံရွယ်လိုက်ပေမယ့် မရည်ရွယ်ပါဘဲ နိုင်းကိုးရာရဲ့ မျက်နှာအစိတ်အပိုင်းတွေကိုတစ်ခုချင်းလိုက်ကြည့်နေမိသည်။ဒဏ်ရာဒဏ်ချက်အနည်းငယ်ကလွဲရင်ပြစ်ချက်မရှိလောက်အောင်ပြည့်စုံလွန်းလှတဲ့မျက်နှာမျိုး။မျက်ခုံးထူထူတန်းတန်းမှာအိပ်နေတုန်းမို့ထင်သည် ပြေလျော့နေပြီး ခါတိုင်းတည်တင်း‌ေနကျနှုတ်ခမ်းတို့ကသေသပ်ပိရိစွာ။ထင်းနေတဲ့မေးရိုးနဲ့ အတူအောက်ဘက်ကိုလျှောကြည့်လိုက်တော့ ဖွံ့ဖြိုးကာစ လည်ဇလုတ်တစ်ခုက အနည်းငယ်ပင်သိသာနေ၏။

ဆယ့်ကိုးနှစ်ဆိုတဲ့အတိုင်းအတာတစ်ခုမှာ နိုင်းကိုးရာကအရွယ်နဲ့မလိုက်အောင် အသိဉာဏ်ရော ကောက်ကျစ်တတ်တဲ့ဉာဉ်ဆိုးပါ ဖွံ့ဖြိုးလာတယ်ဆိုရပေမယ့် ဒီလိုအိပ်နေတဲ့ပုံအရ ဒီကောင်ဟာလည်းတစ်ကယ်တော့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ပါပဲ။

ကုတင်ပေါ်အိပ်နေတဲ့ပုံကကိုလက်နှစ်ဖက်ကိုပိုက်ပြီးခြေထောက်ကလည်းကွေးထားသေးသည်။မသိရင်သူ့ကိုတစ်ယောက်ယောက်ကအနိုင်ကျင့်‌မှာကြောက်နေတဲ့ပုံစံ။အလကား သောက်ကလေး !

ချမ်း သကောင့်သားအကြောင်းဝေဖန်တာကိုရပ်ပြီး ထပ်နှိုးဖို့ပြင်ရပြန်သည်။

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Where stories live. Discover now