Epi 24 [Unicode + Zawgyi]

7.3K 370 19
                                    

Unicode

ချမ်း ဧည့်ခန်းထဲကို‌ပြန်ရောက်တော့ မလီကချမ်းကိုပြုံးတုံ့တုံ့နဲ့ကြည့်လာသည်။ဒီအကြည့်...သေချာပေါက် ရိပ်မိသွားတဲ့အကြည့်ပေါ့။

"မလီ နေ့လည်စာ စားလိုက်ကြမယ်လေ၊ မြတ်လည်းလာခဲ့၊ ဒီနေ့ ဘာချက်လဲမသိဘူး၊ ဘာပဲဖြစ်ဖြစ် စံအိမ်ရဲ့ မီးဖိုချောင်က လက်ရာကောင်းတယ်ပြောရမယ်"

ချမ်းကစကားတွေဆက်တိုက်ဆိုရင်း ထမင်းစားခန်းဆီသို့ဦးဆောင်ခေါ်သွားလိုက်သည်။

"အဟမ်း"

မလီရဲ့ ချောင်းခြောက်ကြီးက အချိန်အခါမဟုတ် လုပ်ချောင်းကြီးမှန်းသိသာလှသော်လည်း ချမ်းတစ်ယောက် အနည်းငယ်ပင်တုန်သွားတော့သည်။

"အရှက်သည်းလိုက်တာအေ "

မလီကခပ်တိုးတိုးလေးပြောရင်းဘေးနားကမြတ်ကိုလည်းမေးငေါ့ပြသေးသည်။

" ဗျာ "

ချမ်းက နောက်ကိုပြန်လှည့်လာရင်း အယောင်ယောင်အမှားမှားနဲ့ ထူးလိုက်တော့ မလီနဲ့ မြတ်တို့ကခေါင်းခါပြရင်းသွားဖြဲပြပြန်သည်။

"လာလာ စားကြရအောင် "

ဒီနေ့ထမင်းပွဲကအမှန်ပင်စုံလှသည်။အထူးသဖြင့် ချမ်းအကြိုက် ဗမာကြက်စပ်ဟင်း၊ဂွေးတောက်ရွက်ကြော်နှင့် ကြက်ဥကြော်၊ပဲငပိချက်၊ချဉ်ရေဟင်း စသည်ဖြင့် ဗမာစာများကိုဦးစားပေးချက်ထား၏။
အဆုံးမှာတော့ အဆီများစာများဖြစ်ပေမယ့် တစ်ခါတစ်ရံမှာသာစားရသည်မို့ ချမ်းရော မလီရော မြတ်ရောပါ ခေါင်းမဖော်တမ်းစားလိုက်ကြသည်။

"ချမ်း သိပ်မစားနဲ့နော် ခဏနေ ပွဲတက်အတွက် ၀တ်စုံ၀တ်ရဦးမှာ၊ ဗိုက်ပြည့်နေရင်အဆင်မပြေဘဲနေမယ်"

"ဂွပ်"

မလီက ဘူးသီးပြုတ်လေးကို အသံမြည်အောင်ကိုက်လိုက်ရင်းပြောလိုက်သည်။

မြတ်ကတော့ ခေါင်းသာတစ်ချက်ငြိမ့်ရင်း ပဲငပိဟင်းလေးကို တစ်ဇွန်းထပ်ယူလိုက်သည်။ ကြည့်ရတာ မြတ်သည်လည်း ချမ်းကဲ့သို့ ပဲငပိဟင်းကိုကြိုက်သွားပြီဖြစ်ရမည်။

"ဟုတ် မလီ ကျွန်တော်လည်းတော်ပြီ၊ဒီနေ့ဟင်းကအကြိုက်တွေချည်းပဲဆိုတော့ နည်းနည်းတောင်ပိုပြီးစား၀င်သွားတယ်နော်"

I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)Onde histórias criam vida. Descubra agora