Unicode
ချမ်းကြားလိုက်ရတဲ့စကားကြောင့် မျက်၀န်းများကမယုံနိုင်ဖြစ်ကာ နှလုံးသား၏အတွင်းအနက်ရှိုင်းဆုံးမှဒဏ်ရာကို ထိုးဆွမိသွားခဲ့သည်။
သူ့အဖေနဲ့အမေကသူ့ရဲ့ ရှားရှားပါးပါ မိသားစု၀င်တွေဖြစ်ခဲ့တာ။တစ်နေ့တည်း တစ်ချိန်တည်းမှာ သူ့ကိုနှုတ်ဆက်ခွဲခွာသွားခဲ့တဲ့ သူ့ရဲ့ မိသားစု၀င်နှစ်ဦး။
သူ့ရဲ့ဆယ်ကျော်သက်ဘ၀ဟာမိဘမဲ့အဖြစ်နဲ့ရုန်းကန်လှုပ်ရှားခဲ့ရတာ။သိုက်သိုက်၀န်း၀န်းနဲ့ ပျော်ပျော်ရွှင်ရွှင် မိသားစုလေးဟာ နေ့ချင်းညချင်းပျောက်ကွယ်သွားခဲ့ရတာ။
သူ့မိဘတွေကို သတ်ခဲ့တဲ့သူက သူ့ကိုအပိုင်သိမ်းပြီးလက်ထပ်ခဲ့တဲ့သူရဲ့ ဖခင်ဖြစ်နေသတဲ့လား။
ချမ်းရဲ့ မျက်၀န်းအိမ်တို့မှာ ငွေ့ရည်ဖွဲ့ကာ အရည်ကြည်တွေဝိုင်းလာပြီး ရင်ဘတ်နေရာမှ တစ်ဆစ်ဆစ်ကိုက်ခဲလာသည့် ဝေဒနာက သူ့ကိုမခံမရပ်နိုင်အောင်ဖြစ်စေသည်။ချမ်းအရုပ်ကြိုးပြတ်နဲ့ ပုံကျလို့သွားခဲ့ပြီ။
ဘာကြောင့်လဲ၊ဘာကြောင့်သူ့ကျမှ ဒီလိုမျိုးကြုံတွေ့ရတာလဲ၊သူ့မိဘတွေကိုသတ်ဖြတ်ခဲ့တဲ့သူရဲ့ သွေးသားတွေနဲ့မှ သူကပက်သက်မိခဲ့တယ်။သူ... သူ့မိဘတွေကို ဘယ်လို မျက်နှာပြရမလဲ။
"ချမ်း ! "
နိုင်းကသူ့အနားကိုပြေးလာပြီး သူ့ရင်ခွင်ထဲဆွဲပွေ့ဘာသည်။ချမ်းတွန်းပစ်လိုက်သည်။
ဟင့်အင်း သူဒီလူရဲ့အထိအတွေ့တွေကိုမုန်းတယ်။ရွံတယ်။ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာ သူ့မိဘတွေကိုသတ်ခဲ့တဲ့လူတွေရဲ့သွေးတွေစီးဆင်းနေတာ။
"ထွက်သွား ! ငါ့အနားကိုဘယ်တော့မှ မလာခဲ့နဲ့ "
မုန်းတယ်၊ သေလောက် လောက်မုန်းတယ်။လူသတ်သမားရဲ့သွေးသားနဲ့ တစ်မိုးအောက်မှာ အတူရှိနေခဲ့ပြီး ပေါင်းသင်းခဲ့တယ်တဲ့လား။တစ်ကယ့်ကို သူ့ရဲ့ ခန္ဓာကိုယ်ကသွေးတွေပြောင်းပြန်စီးဆင်းမတတ် အော်ဂလီဆန်သွားပြီ။
"ချမ်း ! ငါရှင်းပြတာနားထောင်ဦး"
နိုင်းရဲ့မျက်နှာထားက ပိုမိုတည်တင်းလာပြီး တစ်ဖက်လူရဲ့ ခါးခါးသီးသီး အမူအရာကြောင့် နိုင်းမကြုံစဖူး ကြောက်ရွံ့လာခဲ့တယ်။မဖြစ်ရဘူးလေ။သူ ဒီလူ့ရဲ့ နှလုံးသားကိုပိုင်ဆိုင်ရခါနီးခါမှ လွဲချော်သွားလို့မရဘူးလေ။

VOUS LISEZ
I MARRIED MY SISTER'S BOYFRIEND (COLD BLOODED LOVE)
Roman d'amourCold Blooded Love Between Two Men . BLACK FLAG TOP (♡ω♡ ) START DATE - 28 APRIL 2023 END DATE - 6 JUNE 2024