🖤CAN'T LOSE YOU 🖤
ep(4)
" ဟိတ် ခန စောင့်အုံးလေ "
ညနေကျောင်းဆင်းချိန် ရှောင်ကျန့် အိမ်စာတွေကို ကျောင်းမှာဘဲ အပြီးသတ် လုပ်နေရင်းနဲ့ နည်းနည်းနောက်ကျနေသည် ။ သူပြန်ဖို့ လုပ်တော့ ကျောင်းမှာ လူပင် အတော်ရှင်းနေသည် ။ Fanxing ကလည်း ဒီနေ့ သူ့အိမ် ပြန်မယ်လို့ ပြောထားတဲ့ အတွက် အားနာလိူ့ ရှောင်ကျန့် မစောင့်ခိုင်းတော့ပေ ။
သူထွက်လာတော့ နောက်က ခေါ်သံတခု ကြောင့် လှည့်ကြည့်လိုက်တယ် ။
" သေစမ်း အတာ ဟို လူဆိုးကောင်မလား "
သူအမြန်ဘဲ လှည့်ထွက်ဖို့ လုပ်တော့ ဆွဲခံလိုက်ရတဲ့ သူ့လက်တဖက်
"စောင့်အုံး လို့ ပြောနေတယ်လေ "
"ကျနော်တို့ သိလို့လား "
စေ့စေ့ကြည့်ကာ သူ့ကို မေးလာတဲ့ ယုန်သွားနဲ့ ကောင်လေးက သူ့ကို နဲနဲမှတောင် မကြောက်ဘူးလား ဟမ် !
မဟုတ်တာ ရှောင်ကျန့်ရင်ထဲမှာ ကမာ္ဘပျက်နေတာ ရှောင်ကျန့်ကိုယ်တိုင်ဘဲ သိသည်
"ခု ငါတို့က သိတာလား မသိတာလား "
"သေချာတာပေါ့ ကျနော် အကို့ကို မသိဘူး လွှတ် "
သူ့လက်က ရုန်းဖိူ့ လုပ်နေတဲ့ ကောင်လေးက သူ့အင်အားကိုရော သူသိရဲ့လား ။ ရိပေါ်နဲနဲလေး အားပါပါနဲ့ ညှစ်လိုက်တာကို ရဲတက်လာတဲ့ လက်သေးသေးလေး တဖက်
"အားးး နာတယ်လေ ငါ -ိုးရဲ့ "
ဖြူဖြူစင်စင် ကောင်လေးက ထိုသို့လည်း အဆဲတလိုင်းပါ
"ငါတို့ စကားခန ပြောကြမလား "
"မရဘူး ကျူရှင်ချိန် ရှိတယ် "
"ဖျက်လိုက် "
" ချီးမို့လို့ ဖျက်ရမှာလား လွှတ်လို့ "
"ပြောပြီးပြီလေ ငါမင်းနဲ့ စကားပြောချင်တယ်လို့ မဟုတ်ရင် မင်းသွားရဖို့ မစဥ်းစားနဲ့ "
" အနိုင်ကျင့်နေတာလား "
"ထင်ချင်သလို ထင် "
ပုခုံးတွန့်ကာ ပြောလာတဲ့ လူဆိုးကောင်က တကယ့် အရိုင်းအစိုင်း
YOU ARE READING
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfiction🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤