🖤 CAN 'T LOSE YOU 🖤
ep(36)
" လူရမ်းကားကောင် !!! "
အခန်းထဲ ၀င်၀င်ချင်း ကျယ်လောင်တဲ့ အော်သံနှင့်အတူ သူ့ဆီရောက်လာတဲ့ ခေါင်းအုံးပျံတွေကြောင့် ရိပေါ်မနဲ ရှောင်လိုက်ရတယ် ။ ဘာဖြစ်ရပြန်ပြီလဲ ...
ရိပေါ်ခေါင်းအုံးတွေ ပြန်ကောက်နေတုန်းဘဲ ရှိသေးတယ် ရှောင်ကျန့်က အံကြိတ်ကာ သူ့နားရောက်လာပြီး ရင်ဘက်တွေကို တဘုန်းဘုန်း ထုတော့တာဘဲ ။
" ခင်ဗျားပြော ! ညက ဘယ်ဟာမနဲ့ အလေလိုက်နေလို့ အိမ်ပြန်မလာတာလဲ ဟမ် !!! "
" မောင်ပြောတာ နားထောင်ပါအုံး "
ရိပေါ်က သူ့ကို ထုနေတဲ့ လက်သေးသေးတွေကို ဖမ်းချုပ်ထားပြီး သူပြောတာ ခနနားထောင်ပေးဖို့ ပြောတာကို ချစ်သည်းညှာက လက်မခံဘူး ။ သူတကယ် ဒေါသ ထွက်နေတာ ။
" နားမထောင်ဘူး !!! "
ဟောဗျာ သူဘဲ ပြောခိုင်းပြီး နားမထောင်ဘူးဆိုတော့ ဒီကောင်က ဘယ်သူ့ကို သွားပြောရမှာတုန်း ။ သူချုပ်ထားတော့ လက်တွေက မရုန်းတော့ဘဲ လူကို မျက်စောင်းတကဲကဲနဲ့ မော့ကြည့်လာပြီး ယုန်းသွားတွေနဲ့ အောက်နှုတ်ခမ်းကိုလည်း ဖိကိုက်ထားသေးတယ် ။ ရိပေါ်က ဒီအကြည့်စူးစူးလေးကို မခံနိုင်စွာ ဖြေရှင်းချက် အမြန်ရှာရသည် ။
" မနေ့က ကုမ္မဏီနှစ်ပတ်လည်ပွဲရှိတယ်လေ "
" အတာငါသိတယ်လေ ငါ -ိုးရဲ့ "
ရှောင်ကျန့်က အံကြိတ်တဲ့ အသံနဲ့ ရိပေါ်ကို ဆဲပြီး မပြည့်စုံသေးတဲ့ နောက်ထပ်ဖြေရှင်းချက်ကို စိတ်မရှည်စွာ စောင့်နေတယ် ။
" အတာ မောင် နဲနဲ ပါးပါး သောက်ဖြစ်တယ် "
"ဒါဘဲလား အတာနဲ့ ညက အိမ်ပြန်မအိပ်တာနဲ့ ဘယ်နားဆိုင်သွားတာလဲ ဟမ် !! "
"'မောင်ပြောတာ ဆုံးအောင်နားထောင်ပါအုံး သည်းရယ် ဒေါသတွေ အရမ်းမထွက်ပါနဲ့ ဗျာ "
" ခင်ဗျားက ငါ့ကို ဒေါသ ထွက်အောင် လုပ်နေတာလေ !! "
ရိပေါ်တယောက် အုတ်နံရံနဲ့ ခေါင်းနဲ့သာ ပြေးစောင့်ချင်နေပြီ တရက်လောက် အိမ်ပြန်မအိပ်တာ အလောက်ပြသနာ ရှင်းရမယ်လို့ မထင်ထားဘူး ။ တဆက်ထဲမှာဘဲ ဟို ကောင် Haoxuan တို့ပါ မေတ္တာ ပို့လိုက်သေးသည် ။ ဒီကောင်တွေကြောင့် သူခု ဘယ်လိုရှင်းရမလဲတောင် မသိတော့ဘူး ။
![](https://img.wattpad.com/cover/341126891-288-k653538.jpg)
YOU ARE READING
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfiction🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤