🖤CAN"T LOSE YOU 🖤
ep(2)
"ခုဘဲ ရဲစခန်းက ပြန်ရောက်တာ အကိုရေ အကို့သားအလိမ်မာတုံးလေးကြောင့် "
ည 11နာရီအချိန်Wang Mammyသည် အိပ်ခန်းအတွင်းမှာ အမျိုးသားဖြစ်သူနဲ့ VC ပြောရင်း တစ်စုံတယောက်အကြောင်း အမွှန်းတင်နေသည် ။
" မနိုင်တော့ရင်တော့ အကို့သားပေါ့ အကို ဆုံးမရင်တော့ မကြိုက်ဘူးမလား "
အမျိုးသား ဖြစ်သူရဲ့စကားကြောင့် Wang Mammy မျက်စောင်းကြီးကြီး ထိုးကာ ပြောလာသည်မှာ " အဲ့တာ အကိုနဲ့ တူလို့ "တဲ့လေ
ချက်ချင်းကို အကိုနဲ့ တူပစ်တာ ဒီတိုင်းဆို Mammy သားလေးက. Mammy နဲ့ တူတယ်ဆိုလားဘဲ
" ဟုတ်ပါပြီ အကိုနဲ့တူတာ ရပြီလား ပြသနာ အကြောင်းရင်းလေးပြောပါအုံး"
"ကြီးတယ်အကို ကျောင်းမှာတောင် အကို့သားက လူရိုက်တာနော် "
"ဘယ်လို "
"ဟုတ်တယ်တော်ရေ ကျမမှာ မနည်းရှင်းလိူက်ရတယ် "
"ဒီကောင် အရမ်းဆိုးနေတာဘဲ အကိုလည်း ပြန်လာတော့မှာပါ တွေ့မယ် အဲ့ကောင် "
"ခု ကျမသားကို ဘာလုပ်ဖို့တွေးနေတာလဲ အကို "
"ထိုးပစ်ချင်နေတာလေ "
"အယ် ပြောရဲတယ်နော် ကျမသားကို ထိကြည့်ပါလား ရှင်နဲ့ ကျမ အပြတ်ဘဲ"
ကြည့်မြင်တယ်နော် Wang Mammy က ထိုသို့လည်း ကလေးဆန်တတ်ပါသည် ။
သားအကြောင်း အမွှန်းတင်ကြရင်း တော်တော် ကြာကြာ စကားပြောပြီးနောက် ကိုယ်တော်ချောလေး အခန်းကို လာကြည့်တော့ အိပ်တောင် ပျော်နေပြီ
လူဆိုးလေးက ရန်ဖြစ်ရလွန်းလို့ မောသွားပြီထင်တယ် နှစ်နှစ် ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ ။ ခေါင်းမှာ ပတ်တီး အဖွေးသားနဲ့ မြင်တော့လည်း Mammy မှာ စိတ်မကောင်း
"ဆိုးလိုက်တာ Mammy သားလေးက "
ခေါင်းလေးဖွဖွပုတ်ကာ နဖူးလေးကို အနမ်းပေးပြီးစောင်သေချာခြုံပေးကာ ထွက်လာခဲ့သည် ။
အရွယ် ရောက်နေပြီဆိုတာ သိပေမဲ့လည်း သူမ မျက်လုံးထဲမှာတော့ ကလေးသာသာဘဲရှိပါသေးတယ်
ESTÁS LEYENDO
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤