ep(29)

2.6K 162 1
                                    

🖤 CAN 'T LOSE YOU 🖤




ep(29)




" မင်းဘာလုပ်ဖို့ တွေးနေတာလဲ ကျိုးရင် !! "


အခန်းကျဥ်းတခုထဲမှာ ကိုစေ ဆိုက သူမပါးနှစ်ဖက်ကို လက်တဖက်ထဲနဲ့ ဒေါသတကြီး ဆွဲညှစ်ထားပြီး မေးနေသည် ။ သူမရဲ့ ပါးစပ်ထဲမှာလည်း သွေးတွေ စီးကျနေတာ မြင်လို့မှမကောင်း သေချာတာတော့ သူမ အရိုက်ခံထားရတာ ။

" ပြောပြီးပြီလေး ငါရဲ့ ကျန်နေတဲ့ ဘ၀သက်တမ်းကို  စိတ်သန့်သန့်နဲ့ဘဲ ဖြတ်သန်းချင်တာ ဒါ့ကြောင့် ငါရိပေါ်ကို အားလုံးပြောပြလိုက်ပြီ "

"မင်း !!! မင်းအလိုလုပ်တဲ့အတွက် ရလာမဲ့ အကျိုးဆက်ကို သိတယ်မလား ! "

ကိုစေ စကားကြောင့် သူမက သွေးတွေကြားက သဘောတကျတောင် ထရယ်လိုက်သေးတယ် ။

" သွေးရူးသွေးတန်းလိုက်မနေနဲ့  ၀မ်ရိပေါ်ကို ကျော်တက်ဖို့ကြိုးစားနေတာလား မရဘူးနော် သူက နင်လိုက်မမှီတဲ့ Level ရောက်နေတယ်  ဟား ဟား "

သူမစကားကြောင့် ကိုစေက ဒေါသတကြီး သူမပါးကို ထပ်ဆင့်ရိုက်လိုက်တယ် ။ သူမရဲ့ ခန္ဒာကိုယ်ကလည်း ယောကျ်ားလေး အားနဲ့ ရိုက်ချက်ကို တောင်မခံနိုင်စွာ လဲကျသွားတယ် ။

" မင်းလို အဆင့်တန်းမရှိတဲ့ ×ာ အဆင့်သာသာ မိန်းမက ဘာတွေးတတ်လို့လဲ ဟမ်  !  ခု မင်းရဲ့  စောက်ဖြစ်မရှိ လင်ကို မျက်နှာလို မျက်နှာရ သွားလုပ်တာ ကြားထဲက မင်းမိသားစု သေရတော့မယ် ဘယ်လိုလဲ နောင်တရနေလား "

စကားလုံးရိုင်းရိုင်းတွေကို သူမမျက်နှာနား တိုးကပ်စွာ ပြောနေတဲ့ အရိုင်းစိုင်းကောင်က သူ့ကိုသူတော့ နိုင်နေပြီ ထင်တာပေါ့ ။

" ဘယ်လို ပြောရမလဲ ငါနောင်တ မရပါဘူး ဘာလို့လဲဆို ငါယုံတယ်  ၀မ်ရိပေါ်က ငါ့မိသားစုကို ဘေးကင်းအောင် ထားပေးထားမယ်လို့ "

" ဘာ ! ဘာပြောလိုက်တာ သူက အလောက် လုပ်ပေးမယ်တဲ့လား Ok လေ ... အော် ဒါနဲ့ သူက အိမ်ထောင်ရှိတယ်မလား ဟို ရှောင်ကျန့်ဆိုတဲ့ ကလေးနဲ့လေ  သူလေးကလည်း အလန်းလေးဘဲ ရိပေါ်နဲ့ မတည့်ဘူးလို့လဲ ကြားတယ် ငါ့အထင် ရိပေါ်ရဲ့ အားနည်းချက်က ရှောင်ကျန့် ဘေဘီလေး များဖြစ်နေမလား "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }حيث تعيش القصص. اكتشف الآن