🖤 CAN'T LOSE YOU 🖤
ep(6)
ရောင်စုံ မီးတွေစုံလင်စွာ ထွန်းလင်းနေတဲ့ ရှောင်းအိမ်တော်ကြီးက နန်းတော် သဖွယ် ခမ်းနား တင့်တယ်သည် ။ ခြံ၀န်းထဲမှာ ကျင်းပတဲ့ ဤ party ပွဲက မမ Xiao Meya ရဲ့ စေ့စပ်ပွဲ ဖြစ်သည် ။ လုပ်ငန်းတွေကို ဦးစီး လုပ်ကိုင်နေသူမို့ လူပ်ငန်းရှင်တော်တော် များများ တက်ရောက်ကျသော ပွဲဖြစ်သည် ။
" ငါ့ အချစ်ဆုံး ကလေးလေးက အလှဆုံးဘဲ "
" မဟုတ်တာ သားသားရဲ့ မမသာ အလှဆုံး "
အလှပြင်ခန်းထဲမှာ Makeup ပြင်နေတဲ့ မမက ဘေးမှာ သူ့ကို ထိုင်ကြည့်နေတဲ့ အချစ်ဆုံး မောင်းလေးကို မြှောက်နေပြန်ပါပြီ ။ ဒီကလေးကို သူတို့မှာ အမြဲတမ်း အသည်းတယားယားနဲ့ ၊ရှောင်ကျန့်လေးကိုက ချစ်ဖို့ ကောင်းလွန်းနေတာ ။
ငိုမဲ့မဲ့ လေး ဖြစ်နေတဲ့ အကောင်ပေါက်လေးက မမကို သူများဆီ ပေးရမှာ နှမြောလို့ပါတဲ့ ။
" မျက်ရည် မကျရဘူးနော် သားငယ် မမ မင်္ဂလာ ယူနေချိန်မှာ မငိုရဘူးနော် "
" မားမား "
မမရှေ့မှာ ငိုမိမှာ မို့လို့ ထိန်းနေကာမှ ရင်ခွင်ထဲ၀င်ဖို့ အားကိုးဖော်လေးရသွားတဲ့ ကလေးက ငိုချ ပြစ်လိုက်သည် ။ ခုချိန်ထိ ဘာမှ မပြင်ဆင်သေးဘဲ သူ့မမဘဲ ထိုင်ကြည့်နေတာ ဒီကလေးဟာ အတော်သံယောဇဥ်ကြီးသည်။
"အငယ်မ "
"ရှင် အမား "
"မောင်လေးကို သွားပြင်ဆင်ပေးလိုက်နော် "
Xiao Meya ဆိုသည်မှာလည်း သူ့မောင်လေး ငိုတာ ကြည့်ပြီး မျက်ရည်ကျတော့မည် ဖြစ်နေတာကြောင့် မားမားမှာ အမြန်ဘဲ ခေါ်သွားခိုင်းရတော့သည် ။
____________________________
အဖြူရောင် ဂါ၀န်ရှည် ၀တ်ဆင်ထားတဲ့ သတိူ့သမီးလောင်းလေးရဲ့ ဘေးမှာ ရပ်နေတဲ့ အဖြူရောင် နတ်သားလေး ။ လန်းဆန်းနေတဲ့ မျက်နှာလေးမဟုတ်တာတောင် ကြည်လင် တောက်ပနေရော
မင်းက ငါမြင်ဖူးသမျှထဲမှာ အလှဆုံး ပန်းလေးဘဲ ။
ပြိုတော့မဲ့ မိုးလို ငြိုးငယ်နေတဲ့ နေကြာပန်းလေးရဲ့ မျက်နှာထက် ငွေပုလဲတို့တွဲခိုနေတဲ့ အကြည်ရောင် မျက်၀န်းတောက်တောက်လေး ။ ဖြောင့်ဆင်းနေတဲ့ နှာတံနဲ့ သွယ်၀န်းနေတဲ့ မျက်နှာ ပိုင်ရှင်နဲ့ ကောင်လေးက နှုတ်ခမ်းပါးလေးကလည်း နှင်းဆီ ဖူးလေးလို ရဲတောက်နေသည် ။
BẠN ĐANG ĐỌC
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfiction🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤