🖤 CAN ' T LOSE YOU 🖤
ep (37)
" မား ဘာလို့ သူ့ကို ခေါ်လိုက်တာလဲ သားပြန်မလိုက်သွားဘူးနော် "
" ဒါမဲ့ မားက အိမ်မှာ မခေါ်ထားချင်ဘူးလေ "
" မား ! "
ရိပေါ်ကို စိတ်ဆိုးတိုင်း အိမ်ပေါ်က ဆင်းလာတာ အရမ်း ကလေးမဆန် လွန်းဘူးလား ။ သူမ သိတယ် ရိပေါ်က သားကို နာနာကြီးကြီး ဘာတခွန်းမှ မပြောဘူးဆိုတာ သူကဘဲပြော သူကဘဲ စိတ်ဆိုး ။ ဟိုကောင်လေးမှာ မအားတဲ့ ကြားကနေ အလုပ်တဖက်နဲ့ ပြေးပြေးလာရတာ ကြာတော့ သူမပင် အားနာနေပြီ ။
" သူသားကို ရိုက်လား "
" ရိုက်ကြည့်ပါလား သူလား လက်နဲ့ ရွယ်ရဲရင်တောင် ကံကောင်း "
" ဒါဆို ဘာလို့ သူ့ကို စိတ်ဆိုးတာလဲ "
" မား ~~ မား ဘာသိလို့ လဲ မနက်က Weibo မှာ သူနဲ့ ကောင်မလေးတယောက် တွဲရိုက်ထားတဲ့ ပုံတက်လာတယ် "
" လက်ကိုင်ထားလား ဖက်ထားလား "
" အလိုတော့ မဟုတ်ပေမဲ့ သူ့တို့ 2 ယောက် တဝိုင်းထဲ အတူ ထိုင်ပြီး အကြည့်ချင်းတောင် ဆုံလိုက်သေး ပြောရင်းနဲ့တောင် ဒေါသက ထွက်လာပြီ "
ရှောင်ကျန့်က ပြောရင်း ပေါင်ပေါ်တင်ထားတဲ့ ခေါင်းအုံး အဖြူလေးကို ရိပေါ် အမှတ်နဲ့ ထုနေသည် ။ မားက သက်ပျင်း အသာ ချရင်း
" သားငယ်က ကလေးလည်း မဟုတ်တော့ဘူး အလောက်ထိ သဝန်တိုရအောင် ညားကာစ လင်မယားလည်း မဟုတ်ဘူး သူက အလုပ်လုပ်နေတာဘဲ သားက နားလည်ပေးရမှာပေါ့ "
" မရဝူး မရဝူး သူ့အလုပ်မှာ ကောင်မလေးတွေနဲ့ တွေ့ရမယ်လို့မပါဘူး သူနဲ့ ပြန်မလိုက်သွားဘူး "
ရှောင်ကျန့်က မားစကားကို ဂျစ်တိုက်ကာ အပေါ်တက်သွားပြီး အိပ်ခန်းတံခါးကိုပါ ဝုန်းကနဲ ပိတ်ကာ လော့ချထားလိုက်သည် ။ လုံး၀ ဖွင့်မပေးဘူး ။
ခနနေတော့ ရိပေါ်မှာ ပြာပြာ သလဲ ရောက်လာသည် ။ မနက်က သူအလုပ်သွားတုန်းက အကောင်းပါ နေ့လည်က အလုပ်ကိစ္စရှိလို့ အိမ်မပြန်ဖြစ်ဘူး ကလေးကို နေ့လည်စာ စားထားနှင့်ဖို့ဘဲ ဖုန်းဆက် ပြောခဲ့သည် ။ အဲ့တုန်းကထိ အကောင်းပါ ညနေ အလုပ်သိမ်းခါနီးမှ ရှောင်ကျန့်မား က ဖုန်းဆက်ပြောလာသည် သားငယ်စိတ်ဆိုးပြီး သူမအိမ် ရောက်နေပါသည် တဲ့ ။ ဘာကိစ္စလဲ ဆိုတာ သူမသိရိုး အမှန်ပါ ။
![](https://img.wattpad.com/cover/341126891-288-k653538.jpg)
YOU ARE READING
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfiction🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤