🖤 CAN ' T LOSE YOU 🖤
ep(26)
ငြိမ်သက်နေတဲ့ အစည်းဝေးခန်းထဲ ရိပေါ် သူမကိုဘဲ အာရုံစိုက်ကာ ကြည့်နေသည် ။ ဒါကို သူမလည်း သိသည် ရိပေါ်နဲ့ အကြည့်မဆုံမိအောင် သူမက ခေါင်းကို ရှေ့က စားပွဲနဲ့ စောင့်မိမတတ် ငုံ့ထားသည် ။ ပြီးတော့ သူမရဲ့ လက်တွေကို အချင်းချင်းလိမ်ယှက်နေတာ ကျိုးတော့ မတတ်ဘဲ
" ရိပေါ် အမတို့ အစည်းဝေး စတော့မလား "
အမမီရဲ့ စကားကြောင့် ရိပေါ် သူမဆီမှ အကြည့်လွှဲလိုက်ပြီး ခေါင်းငြိမ့်လိုက်သည် ။ ပြီးတော့ သူတို့ Project အသစ်တွက် အချိန်တော်ကြာကြာ ဆွေးနွေးခဲ့ကြပြီး အစည်းဝေးကို ပြီးလိုက်ကြတယ် ။ 2 နာရီကြာ အစည်းဝေးထိုင်လိုက်ရတာမို့ လူလည်း ညောင်းနေပြီ ဖြစ်သည် ။ ဒါ့ကြောင့် ရိပေါ် အိမ်ဘဲ တန်းပြန်ဖို့ ထွက်လာခဲ့သည် ။
" CEO "
ရိပေါ် ကားပါကင်ရောက်မှ နောက်က ခေါ်သံတခုကြောင့် လှည့်ကြည့်လိုက်တော့ ကျိုးရင် သူမက သူ့ဆီပြေးလာနေတာ
" CEO ခနနေပါအုံး ရှင့် "
ခနနေပါအုံး ပြောမှ နောက်ကို 3 လှမ်းလောက် ဆုတ်သွားတဲ့ CEO ကြောင့် သူမမှာ ဟင်ကနဲ ဟင့်အင်း ဇာတ်ကားထဲကလို ပြေးဖက်မို့ မဟုတ်ပါဘူး ကြောက်ပါတယ် CEO ရယ်
" ရပ်လိုက် ဘာလဲ ပြော "
CEO က သူနဲ့ တော်တော် လှမ်းလှမ်းမှာရပ်ခိုင်းတာမို့ သူမလည်း ရပ်လိုက်ရသည် သိပါတယ် CEO က အိမ်သူ မျက်နှာ တမာ္ဘဆိုတာ CEO ရဲ့ ဆိုင်သူကိုတော့ အားကျ ပါဘိ သူ့ခင်ပွန်းက ကွယ်ရာမှာတောင် တခြားသူတွေနဲ့ အရောတဝင် မနေတာ သိခဲ့ရင် ဘယ်လောက်တောင် ဂုဏ်ယူနေလိုက်မလဲ ။
" ကျမကို အချိန်လေး ခနလောက်ပေးပါ CEO ကျမ အရေးကြီး ကိစ္စလေး ပြောစရာ ရှိလို့ပါ "
" အင်း မြန်မြန်ပြော ငါ အိမ်ပြန်ရမယ် "
" ဟို ကျမတို့ တနေရာရာမှာသွားပြောကြမလား "
သူမစကားကြောင့် ရိပေါ်ဟာ မဲ့ပြုံးပြုံးတယ် ဒီအကွက်တွေက အရမ်းရိုးနေပြီ ပြီးရင် သူ့အချစ်ကို ခေါ်ပြမယ် အချစ်က အထင်လွဲမယ် တော်လိုက်တော့ အတာ အချစ်အိမ်မှာ နေ့တိုင်းကြည့်နေတဲ့ ဇာတ်ကားတွေ မြင်ပါများလို့ ရိုးနေပြီ ။
![](https://img.wattpad.com/cover/341126891-288-k653538.jpg)
DU LIEST GERADE
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfiction🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤