🖤 CAN ' T LOSE YOU 🖤
ep(42)
" ပါးပါး "
" ဗျာ သားငယ် "
ရှောင်ကျန့် အဝတ်တွေ ဗီရိုထဲ ခေါက်သိမ်းနေရင်းမှ နောက်က သားငယ်လေးရဲ့ ခေါ်သံကြောင့် အကြည့်တချက်ပေးပြီး ထူးလိုက်သည် ။ တနေ့တနေ့ သူတို့သားဖအဝတ် သိမ်းရတာဘဲ မနည်းမနော နှစ်ယောက်လုံးက မင်းသားတွေ ကျနေတာဘဲ ထည်လဲ လဲကျတာ ။ နောက်ခါဆို သူတို့သားဖတွက် ပလပ်စတစ်အိကျီ မှာပေးအုံးမယ် ၀တ်ပြီးတာနဲ့ လွင့်ပစ်ရုံဘဲ သူလည်း လျှော်ရတာ သက်သာတယ် ။
ခုလည်း သားက အောက်မှာ သူ့အဖေနဲ့ ဘောလုံးကန်နေတယ်ဆိုလို့ အလုပ်ကို အေးဆေးလာလုပ်နေတာ မောင်သားကို စလိုက်ပြန်ပြီ ထင်တယ် သားက လာတိုင်တာဘဲ ဖြစ်မယ် ။
" Daddy နဲ့ မဆော့တော့ဘူးလား သား "
ရှောင်ကျန့် သားရှေ့ ဒူးထောက် ထိုင်ချပြီး သားဝတ်ထားတဲ့ ဘောလုံးဘောင်းဘီလေးကို ဒူးအပေါ်ထိ ခေါက်တင်ပေးလိူက်သည် ။
" ပါးပါး Daddy ဆေးလိပ်သောက်နေတယ် "
" ဘာ ! ခု မင်းအဖေ ဘယ်မှာလဲ "
" အောက်မှာ "
သားက ငိုမဲ့မဲ့လေး ပြောနေတယ်ဆိုကတည်းက သူ့အဖေ တခုခုစလိုက်လို့ လာတိုင်တာဆိုတာ ရှောင်ကျန့် သိပြီးသား ။ ဒါမဲ့ သားက မဟုတ်ဘဲတော့ ပြောမှာ မဟုတ်ဘူး မောင်ဆေးလိပ်သောက်နေတာဘဲ ဖြစ်မယ် ။ ရှောင်ကျန့် သားကို ချီပြီး ခြံထဲသာ ဆင်းလာခဲ့လ်ုက်သည် ။
" သည်း ဟဲ ဟဲ "
မောင်က ဘောလုံးဝတ်စုံ အပြည့်နဲ့ ခြံထဲကဒန်းပေါ်မှာ ထိုင်နေပြီး သူ့ကို မြင်တဲ့ဆို တဟဲဟဲ နဲ့ ပါးစပ်ထဲမှာလည်း စုတ်လုံးတလုံး ထည့်ထားသေးသည် ။
" မောင် ဘာလုပ်နေတာလဲ "
" ဗျာ မင်းသား ရေသွားသောက်မယ်ဆိုလို့ မောင်က စောင့်နေတာလေ သား ဘောလုံး မကန်တော့ဘူး လား "
မောင်က ခပ်တည်တည်ဘဲ ပြောနေတာမို့ ရှောင်ကျန့်မှာ ဘာဆက်ပြောရမလဲတောင် မသိတော့ပေ ။
ESTÁS LEYENDO
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤