ep(21)

2.5K 145 4
                                    

🖤CAN'T LOSE YOU 🖤









ep(21)




"သား Mammy ကို ပြစမ်း နေမကောင်း ဖြစ်နေတာမလား "


ကျောပိုးအိတ်တဖက်လွယ်ပြီး အပေါ်ထပ်က ဆင်းလာတဲ့ သားက မျက်နှာက အရင်လို လန်းဆန်းမနေတာကြောင့် Mammy ၀မ်က စိတ်ပူစွာ မေးလာတော့ သား က ပြန်မဖြေဘဲ မနက်စာ စာဝိုင်းမှာ သွားထိုင်နေသည် ။


" သားဝမ် Mammy ပြောနေတာ ကြားလား မနေ့ညက မိုးမိလာတာလား "

" Mammy ခင်ဗျ သားနေကောင်းပါတယ်ဗျာ စိတ်မပူနဲ့နော် "


Mammy က ထိုင်နေတဲ့ သားရဲ့ နဖူးကို လက်တင်ကာ စမ်းကြည့်လိုက်တော့ ကိုတွေက ပူကျစ်တောက်နေတာဘဲ ဒါကို ဘာမှ မဖြစ်ဘူးလို့ ပြောနေတဲ့ သားကို Mammy ထုချင်နေပြီ


" ထ ကျောင်းမသွားနဲ့တော့ Mammy ဆရာ၀န်ခေါ်လိုက်မယ် အခန်းထဲမှာ သွားလှဲနေ "


";Mammy .... သားတကယ် ဘာမှ မဖြစ်တာပါဗျာ ပြီးတော့ ကျောင်မသွားလို့ မရဘူးဗျ သားကျောင်းမသွားရင် Babe က မျှော်နေလိမ့်မယ် "


" သား အဲ့ကလေးကို အရမ်းချစ်တာ Mammy သိတယ် ခုလိုနေမကောင်း ဖြစ်နေတဲ့ အချိန်မှာ သူနားလည်ပေးမှာပါ သားရယ် "



" နားလည်ပေးမှာ မဟုတ်ဘူး သူအရမ်းစိတ်ပူမှာဗျ ပြီးတော့ သားသူ့ကို နေမကောင်း မဖြစ်ဖို့ ဂတိပေးထားတယ် Mammy "


" ခု သွားမယ်ဆိုတဲ့ သဘောပေါ့ "

" တောင်းပန်ပါတယ် Mammy "

ခေါင်းမာလွန်းတဲ့ သားက အိတ်လွယ်ပြီး ထွက်သွားလို့ Mammy မှာ သက်ပျင်း အရှည်ကြီး ချလိုက်သည် ။ သားကို သူနဲ့ တူတောင် မွေးမိတာ မှားတာဘဲ ခေါင်းမာချက်က သူငယ်ငယ်က အတိုင်းဘဲ ။ သူ့အလှည့်တုန်းကလည်း အိမ်က သဘောတူတဲ့ လူနဲ့ မယူချင်လို့ တရက်ဘဲ ရီးစား ဖြစ်ရသေးတဲ့ ၀မ်ရိပေါ်တို့ အဖေနဲ့ လိုက်သွားခဲ့တာ ။ ဖေဖေကလည်း စိတ်ဆိုးပြီး အမွေပြတ် စွန့်လွှတ်ခဲ့တယ် တော်ပါသေးရဲ့ သူ့ယောကျ်ားက အလုပ်ကြိုးစားတဲ့သူမို့ ။ ​တွေးရင်းနဲ့တောင် ၀မ်ရိပေါ်အဖေကို သတိရသွားပြန်ပြီ မနက်အစောကြီးထဲက နိုင်ငံခြား ဧည့်သည်နဲ့ တွေ့ရမယ်ဆိုပြီး သူ့တူမနဲ့ ထွက်သွားလေရဲ့ ။ ပြန်လာမှဘဲ ထမင်းလက်စုံ စားတော့မယ် ...ခုတော့ဖြင့် ကုမ္မဏီ သွားရအုံးမယ် သူလည်း အရေးကြီး အစည်းဝေးရှိသည်လေ



🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Donde viven las historias. Descúbrelo ahora