🖤 CAN'T LOSE YOU 🖤
ep(30)
" သခင်မကြီး အရှေ့မှာ အကိုလေး၀မ်ရဲ့ ကားတွေ့ပြီး လူတွေက ဘယ်ရောက်ကုန်ကြလဲ မသိဘူး "
ရှောင်းမားနဲ့ Rena အိမ်ပြန်ရောက်တော့ တိတ်ဆိတ်နေတဲ့ အိမ်ဧည့်ခန်းအခြေနေကြောင့် အထဲမှာ လူရှိရဲ့လားတောင်တွေးမိသွားတယ် ။ သို့ပေမဲ့ အရှေ့မှာလည်း သူ့သားမက်ရဲ့ ကားကိုတွေ့တယ် အိမ်တံခါးလည်း ဖွင့်ထားတယ်ဆိုတော့ ပြန်မသွားလောက်သေးဘူးမလား ။ Rena ကို အပေါ်ထပ် တက်ကြည့်ခိုင်းဖို့လည်း မသင့်တော်တာကြောင့် သူမဘဲ အော်ခေါ်ဖို့ ပြင်ရတော့သည် ။
" သားငယ် ! ကျန့်ကျန့် "
" သခင်မကြီး Rena ဘဲ အပေါ်တက်ကြည့်လိုက်ရမလား "
" အယ် မဖြစ်ပါဘူးအေ နင်တို့ အကိုလေး တယောက်ထဲဆို ကိစ္စမရှိပေမဲ့ သူ့အမျိုးသားပါ ရှိနေရင် မသင့်တော်ဘူးလေ "
ရှောင်းမားတယောက် ဆိုဖာပေါ် ၀င်ထိုင်ပြီး Rena ယူလာပေးတဲ့ ရေအေးအေး တခွက်ကို တချိုင့်ထဲ မော့သောက်လိုက်သည် ။
" ဒါဆို Rena ပစ္စည်းတွေ သွားသိမ်းလိုက်ပါအုံးမယ်နော် သခင်မကြီး "
" အင်း သွားလိုက်လေ ဟို2ယောက်ကို သွားကြည့်လိုက်အုံးမယ် "
မသင့်တော်ပေမဲ့လဲ ခေါ်လို့မရတော့ ရှောင်းမားတယောက် အပေါ်ထပ်က သားငယ်ရဲ့ အခန်းရှေ့ ရောက်လာခဲ့ပြီ ။ မားက တံခါးကို တန်းမဖွင့်ဘဲ အရင်ခေါက်လိုက်သည် ။
" သားငယ် အထဲမှာ ရှိလား "
အခန်းပြင်က တံခါးခေါက်သံနဲ့ အတူ မားရဲ့အသံကြောင့် ရှောင်ကျန့်တယောက် ဗလာကျင်းနေတဲ့ ဟိုလူရဲ့ ရင်ဘက်ကို စောင်ဆွဲအုပ်ပေးလိုက်တယ် ။ တော်သေးတာပေါ့ သူ့တို့ ဆက်ဆံပြီးကလည်းက သန့်ရှင်းရေး ထလုပ်ထားလို့ ဟိုလူကတော့ အိပ်နေတာ သိုးလို့ သူတော်တော် ပင်ပန်းသွားရှာတယ် ငါ-ိုးမ အယုတ်တမာ ယောကျ်ား ။ ရှောင်ကျန့် အမြန်ဘဲ ကုတင်ပေါ်က ဆင်းသွားပြီး တံခါး သွားဖွင့်ပေးလိုက်တယ် ။
" ဗျာ မား "
" အော် သားက ဒီမှာဘဲ သားမက်လေး ရောက်နေတာလား "
ESTÁS LEYENDO
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤