🖤 CAN 'T LOSE YOU 🖤
ep(20)
"သားငယ် မင်းဒီနေ့ ကျောင်းမတက်တာလား "
"ဟို မဟုတ် မဟုတ်ပါဘူး တက်ပါတယ် "
"ဒါမဲ့ ကျောင်းချိန်ကို မမ မင်းကို အပြင်ဆိုင်မှာ တွေ့ခဲ့တာလေ "
[ လွန်ခဲ့ သော 15 မိနစ်ခန့်က
ရှောင်ကျန့်ဟာ မောင်တို့ကို ထွက်တွေ့ပြီး အတန်းချိန်လည်း ပြီးတော့မှာမို့လို့ ကျောင်းထဲ ပြန်မ၀င်ဖြစ်တော့တာ ကံဆိုးတာက မမက ဒီနေ့ မှကျောင်းကို စောစော လာကြိုသည်တဲ့ ပက်ပင်းတိုးတာမို့ သူ့မှာ ရှောင်ပြေးလို့လည်း မရ ။ မောင်က မမကို လိုက်ပြောပေးမယ် ပြောပါသေးတယ် ပြသနာ တွေ ဖြစ်မှာဆိုးလို့ သူဘဲ ဆိုင်ထဲက ထွက်လာခဲ့လိုက်တယ် ။ တည်တင်းနေတဲ့ မမမျက်နှာကို ကြည့်ပြီး လန့်လို့ သေတော့မယ် မောင်သာ လိုက်ပြောပေးခဲ့ရင် စိတ်မရှည်တဲ့ မောင်နဲ့ ဒေါသကြီးတဲ့ မမတို့ သေချာပေါက် ပြသနာ ဖြစ်မှာ ။ မောင့်ကို မမငယ်နဲ့ လုံး၀ ပြသနာ မတက်စေချင်ဘူး ။ ]
"မောင်က ... ဟို ရိပေါ် ... မဟုတ်သေးပါဘူး အကိုရိပေါ်က .. သူ့အမနဲ့ မိတ်ဆက်ပေးမယ်ဆိုလို့ပါ "
"သူ့ အမ ..ဘယ်က အမလဲ "
"ဟို နိုင်ငံခြားကလို့ ပြောပါတယ် Li LILA Wang တဲ့ "
"Lila Wang "
သူမက စဥ်းစားသလို လုပ်ပြီး သိသွားဟန်ပါဘဲ မောင်လေးကို ခေါင်းငြိမ့်ပြလိုက်တယ်
"မမသိတာလား "
"မသိဘူး ဒါမဲ့ အန်တီ၀မ်မေ ပြောဖူးတယ် သူမက နိုင်ငံခြားက သူ့ယောကျ်ား ကုမ္မဏီမှာ အလုပ်ကူပေးနေတဲ့ တယောက် "
"အော် ဟုတ် "
"ဒါနဲ့ သူက ဘာကိစ္စလာတွေ့တာလဲ ဘာလဲ ဇာတ်ကားထဲကလို သူ့မောင်နဲ့ အဆက်ဖြတ်ဖို့ လာပြောတာလား "
"မဟုတ်ပါဘူး မမရာ ကျဲက သားကို တွေ့ဖူးချင်လို့တဲ့ အတာ လာကြည့်တာ "
" အွန်း သူတို့မောင်နဲ့ တန်ရဲ့လား လာကြည့်တဲ့ သဘောပေါ့ ငါ့မောင် ကြွေရုပ်လေးကို သူမမောင် ကျောက်တိုင်နဲ့ ဖြစ်ပါ့မလားဆိုပြီး ယှဥ်ကြည့်သွားသေးလား "
ESTÁS LEYENDO
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤