🖤CAN'T LOSE YOU 🖤
ep(5)
"မနက်ဖြန်မှ ပြန်မှာ မဟုတ်ဘူးလား ရှောင်ကျန့်"
အဆောင်မှာ အ၀တ်တွေ သိမ်းနေတဲ့ ရှောင်ကျန့်ကို အခန်းဖော် လီယန်းက မေးလာတာမို့ ခေါက်လက်စ အ၀တ်ကို ရပ်ထားပြီး သူငယ်ချင်းနဲ့ အရင် စကားပြောလိုက်သည် ။
"အင်း ဟုတ်တယ် လီယန်း ငါကြိုသိမ်းနှင့်တာ မနက်အစောကြီး ပြန်မှာမိူ့လို့ "
ရှောင်ကျန့်ဆိုတဲ့ ကောင်လေးက ဖော်ရွေပြီး သဘောကောင်းလွန်းလို့ အဆောင်တခုလုံးက သူ့ကို ချစ်ကြသည် ။
"အော် "
ရှောင်ကျန့်တိူ့ အခန်းလေးက နှစ်ထပ်ကုတင်နဲ့ 4ယောက်နေသည် ။ ယောကျ်ားလေးတွေဘဲ နေတဲ့ အခန်းပေမဲ့ အကုန်လုံးက အသန့်ကြိုက်သူတွေမိူ့ အခန်းလေးက သပ်ရပ်နေသည် ။ အများဆုံး အခန်းရှင်းတာတော့ သူတို့ရဲ့ လူကြီးလေး ရှောင်ကျန့်ပေါ့ ။ အခန်းရှင်တဲ့နေ့ဆို ပွစိ ပွစိနဲ့ အဖိုးကြီး ပေါက်စလေးကျလို့ ။
"အော် ဒါနဲ့ လီယန်းရဲ့ ချစ်ဆုံးကြီးရော "
"အဲ့ခွေးကောင် ငါ့ကို မခေါ်ဘဲ မုန့်သွားစားနေတယ် သေနာကောင် "
သူတို့ အခန်းမှာ အကိုပိုင်နဲ့ လီယန်းက တကယ့်ကို မတည့်အတူနေ တွေ့တာနဲ့ ရန်ဖြစ် ။တခန်းထဲနေတဲ့ ရှောင်ကျန့်တိူ့က အကြောင်းသိတွေမိူ့ သူ့တို့ နှစ်ယောက်ကို အမြဲ စသည် ။ ခုလည်း အကိုပိုင် အပြင်သွားမှန်းသိသိရဲ့နဲ့ ဆွပေးလိုက်ခြင်း ဖြစ်သည် ။ခုတော့ ထဆဲနေလေပြီ
"အော် Fanxing စုတ်ကရော ဒီကို ပြန်မလာဘူးလား"
"မလာတော့ဘူး ပြောတယ် သူ့အဖေ ခိုင်းထားတာလေးတွေ ရှိလို့တဲ့ "
ကျောင်းတစ်ပတ် ပိတ်လိုက်တာမို့ ခရီးထွက်မဲ့သူနဲ့အိမ် ပြန်မဲ့သူ အားလုံး ကိုယ်ဆီ အထုတ်သိမ်းနေကြသည် ။ အကိုပိုင်ကတော့ အိမ်မပြန်ဘဲ အဆောင်မှာ နေဖြစ်မယ်လို့ ပြောသည် ။
အကြောင်းက သိပ္ပံကျောင်းသားလို့ မပြောရအောင် အရမ်းကို အတွေးများလွန်းသူကြီးက စားတမ်းပြုစု ချင်လို့တဲ့ ။
أنت تقرأ
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
أدب الهواة🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤