ep(41)

3.1K 176 5
                                    

🖤 CAN ' T  LOSE  YOU  🖤






ep(41)




" ကျစ် ! Leo Wang ပါးပါး နေမကောင်းဘူးလို့ ပြောနေတယ်လေ မင်းအဖေကို သွားမေး သွား ! "

" အီး ဟီး 😭 ပါပါး  ညီမလေးက ဘယ်မှာလဲ  😭 "

ရှောင်ကျန့် စိတ်မရှည်ချင်တော့ပါ သားက မနက် သူ့အဖိုးတို့ အိမ်ကပြန်ရောက်ကတည်းက ရှောင်ကျန့်လှဲနေတဲ့ ကုတင်ပေါ်မှာ တအီအီ လာငိုနေလေရဲ့ ။ အချိန်အားဖြင့် မနက် 10 နာရီလောက် ရှိနေပေမဲ့ ရှောင်ကျန့်က နေမကောင်းချင်သလို ဖြစ်နေတာမို့ အိပ်ယာထဲမှာ လှဲနေခြင်းဖြစ်သည် ။ ညက ဟိုအယုတ်တမာ ယောကျ်ားရဲ့ ဒဏ်ကို အလူးလည်း ခံထားရတာ ကြောင့်လည်း ပါသည် ။ သူကတော့ မနက်က သားကို သွားခေါ်ပြီးကတည်းက ကုမ္မဏီမှာ အရေးကြီး အစည်းဝေးရှိတယ်ဆိုတာ ထွက်သွားလေရဲ့  ။ ခု သူရှုပ်သွားတဲ့ အရှုပ်ထုတ်ကို ကိုက ရှင်းနေရသည်   ။ သားကို ဘာတွေ ပြောထားမှန်းမသိ သားက ရောက်ကတည်းက ညီမလေး ဘယ်မှာလဲ ချည်း မေးနေတာ ။

" Leo Wang ပါးပါးပြောမယ် ညီမလေးက မရှိသေးဘူး အတာကြောင့် ပါးပါးကို ခေါင်းလာမစားနဲ့ "

" မရဝူး မရဝူး  ညီမလေး ခေါ်ပေး "

" Leo Wang !! ပါးပါး ရိုက်တော့မှာနော် "

" အီး 😭 ပါးပါး  ညီမလေးခေါ်ပေး "

ရှောင်ကျန့် တကယ် ဒေါသ ထွက်လာပြီ သားကို မဟုတ်ဘဲ ပေါက်ကရတွေ လျှောက်ပြောတဲ့ ဟိုလူကို  ။ အိပ်ယာက ထထိုင်လိုက်ပြီး စားပွဲပေါ်က ဖုန်းယူကာ သူ့ယောကျ်ားကို ခေါ်လိုက်တော့ Busy now နဲ့ တိုးနေပြန်သည် ။

"  မငိုနဲ့တော့  Daddy ကို ဖုန်းခေါ်ပေးမယ်  ဟုတ်ပြီလား "

ရှောင်ကျန့် သားကို ချော့ပြီး ဘူးသီးလုံးလောက်ကျနေတဲ့ မျက်ရည်တွေကို ခပ်ဖွဖွ သုတ်ပေးလိုက်သည် ။ သားက တဇွတ်ထိုး သမားလေး  သူလိုချင်ပြီဆို ချက်ချင်းရမှ မဟုတ်ရင် မွှေရော ။ ခု သူလိုချင်တာကြီးကျ ချက်ချင်းရဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ  ။ ရှောင်ကျန့် သားရဲ့ ဆံပင်လေးကို သပ်တင်ပေးပြီး မကိုင်သေးတဲ့ ဖုန်းကို နောက်တကြိမ်ခေါ်လ်ုက်သည် ။

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Onde histórias criam vida. Descubra agora