🖤 CAN'T LOSE YOU 🖤
ep(7)
" လွမ်းတယ်ဗျာ..... "
ည10နာရီအချိန် ကျယ်လောင်စွာ ထွက်ပေါ်လာသော ဤအသံသည် သားတော် မောင်ရဲ့ အိပ်ခန်းထဲ၌ဖြစ်သည် ။ တံခါး မပိတ်ထားတာမို့ Mammy က ထိုအသံကို ထင်ထင်ရှားရှား ကြားနေခြင်းဖြစ်သည် ။ မူးနေပုံပေါ်သည့်သားက ကုတင်ပေါ်မှာ ခြေပစ်လက်ပစ် အိပ်ရင်း ကျယ်လောင်သော အသံနှင့် ရေရွတ်လာသည် ။ တော်ပါသေးရဲ့ သူ့ Daddy က party သွားနေလို့ မဟုတ်ရင် သားဖတွေ ရန်ဖြစ်ကြအုံးမှာ
" သားရေ မူးနေရင်လည်း အိပ်တော့နော်သား လျှောက်အော်မနေနဲ့ "
သားသည် ထိုကဲ့သို လုပ်တတ်တဲ့သူ မဟုတ်ပါဘူး ညဥ့်နက်မှ ပြန်လာတတ်တဲ့ သားက အိမ်ပြန်ရောက်ရင်တောင် Mammy နိုးမှာစိုးလို့ ခြေသံဖွဖွလျှောက်ပြီး သူ့ဟာသူ အေးဆေး အိပ်တတ်သူပါ ဒီနေ့မှ ဘာဖြစ်လာတာပါလိမ့်
" Mammy ခင်ဗျာ သား သူ့ကို အရမ်းလွမ်းတာဘဲ "
လူဆိုးလေးဆီမှ နောက်ထပ်ထွက်လာသော စကားသံက သူ့ကို လွမ်းလို့ ပါတဲ့ .... သူ သူက ဘယ်သူလဲ
လူဆိုးလေးကို ဒီလို ဖြစ်အောင် ဘယ်သူက ညို့လိုက်ပါသလဲ ။
ထပ်ပြီး သားဆီက အသံမကြားတော့တာကြောင့် အိပ်သွားပြီ ဖြစ်တဲ့ လူဆိုးလေးကို Mammy ခင်ဗျာ စောင်သေချာခြုံပေးလိူက်သည် ။ နဖူးလေးကို အနမ်းပေးခဲ့ဖို့လည်း မမေ့ပေ ။ လူဆိုးလေးကို Mammy က အသက်သမျှ ချစ်ပါသည် ။
.....
" မင်းသားရော "
" မနိုးသေးဘူး ထင်တယ် အကိုရဲ့ "
မနက်စာ စားဝိုင်းမှာ Wang Daddy က ထိုင်တဲ့ဆို သူ့သားကို အရင်မေးတာ ပြောတော့ " မင်းသားကို အမြင်ကပ်တယ် ဆိုလားဘဲ "
" ညက ဘယ်ချိန်မှ ပြန်လာလဲမှ မသိတာ "
" အမလေး သူများသားက ရှင့်ထက် အရင်ရောက်တာနော် သားက ညက စောစော အိပ်ပျော်သွားတာ "
" ဘယ်ချိန်မှ အိပ်ယာထဖို့ စိတ်ကူးရှိလဲ သွားနှိုးပြီး မနက်စာ တခါထဲ လာစားခိုင်း "
ESTÁS LEYENDO
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤