🖤 CAN 'T LOSE YOU 🖤
ep(38 )
" ဘာဖြစ်ရပြန်ပြီလဲ သည်းရယ် "
ရိပေါ် စိတ်အေး လက်အေး ဖြစ်အောင် အောက်ထပ်က စာကြည့်ခန်းထဲမှာ အလုပ်လုပ်နေတာ အပေါ်က သောင်းကျန်းနေတဲ့ အသံကြားလို့ ကမန်းကတန်း ပပြေးတက်လာမိတော့ သားက သူ့ပါပါးကို မျက်ရည် အဝဲသားနဲ့ မော့ကြည့်နေလေရဲ့
" မောင့်သားပေါ့ ရှူးပေါက်ဖို့ကို ဘောင်းဘီ ချွတ်ပေးမယ် ခနစောင့်လို့ ပြောတာကို ကျနော်က ကြာလို့ဆိုပြီး ဘောင်းဘီထဲမှာ ပေါက်ချလိုက်တယ်လေ အကျင့်မကောင်းချက်ကတော့ အဖေအတိုင်းဘဲ "
အော် ဒီကောင်က ဘယ်နေရာမှ အပြစ်မလွတ်ပါလား ။
သားက 3 နှစ်ရှိပြီ စကားလည်း ပြောတတ်ဆိုတတ်နေပြီး လည်လိုက်တာမှ လွန်ရော ပုံစံကလည်း သူ့အဖေလို ဇောင်ကြွားကြွားနဲ့ တလောကလုံးကို ချေမိုးနေတာ ။
သားက မျက်နှာပေါက် မျက်နှာထားက အစ သူ့အဖေနဲ့ဘဲ တူလွန်းနေတာ အကျင့်ရောဘဲ သူနဲ့ တူတာ တခုမှ မရှိဘူး ။ သူသာ ၀မ်းနဲ့ လွယ်မမွေးခဲ့ရရင် ယုံမှာတောင် မဟုတ်ဘူး ၀မ်ရိပေါ် တယောက်ထဲရဲ့သားလေ
ရိပေါ်က သားနား လျှောက်သွားပြီး သားကို ပွေ့ချီလိုက်တော့ဆို သားက မျက်ရည် အရွှဲသားနဲ့ သူ့အဖေကို တိုင်ပါတော့သည် ။
" Dad ပါးပါးက သားကိုအော်တယ် 😭 "
" သားက ဘာလို့ ဘောင်းဘီထဲ သေးပေါက်ချတာတုန်း လူကောင်ကြီးက ကြီးနေပြီကို မိန်းမတောင် ယူတော့မဲ့ဟာ သေးပေါက်ချစရာလားကွ "
" သားက ရှူးထွက်တော့မယ်လေ ပါးပါးက ဘောင်းဘီမှ လာမချွတ်ပေးတာ "
ရိပေါ် သားစိတ်ကျေနပ်အောင် ရှောင်ကျန့်ကို အပြစ်တင်မလို့ လှမ်းကြည့်လိုက်လျှင် ခါးထောက်ပြီး ကြည့်နေတဲ့ သည်းသည်းကြောင့် ပြောစရာ စကားတောင် လည်ချောင်းထဲ ပြန်၀င်သွားရသည် ။
" မင်း မှားတာ ဟျောင့် "
" ဟင့်အင်း သားမမှားဘူး ပါးပါး မှားတာ "
![](https://img.wattpad.com/cover/341126891-288-k653538.jpg)
VOCÊ ESTÁ LENDO
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤