ep(12)

3K 172 0
                                    

🖤CAN'T LOSE YOU 🖤

ep(12)

"အား...နာတယ်လေ Babe ရဲ့ "

" ဒီလက်ကြီးကလေ အဲ့ဒီသစ်ပင်ကို ထိုးတုန်းကကျ နာရမယ်ဆိုတာ မသိဘူးလား "

ရှောင်ကျန့် ဆေးထည့်ပေးရင်းပင် အနာရှိတဲ့ လက်ကို အားပါပါနဲ့ ဖိပစ်လိုက်သည် ။ သွားအမြင်ကပ်တယ်

"'အား  အ့ Babe မောင်တို့ ရန်ငြိုးတွေ ဘာတွေများ ရှိလားဟင် "

" မရှိဘူး တမင်အမြင်ကပ်လို့ "

ခပ်ဆိုးဆိုးကောင်က အဲ့လိုမျိုးကျ ချွဲတတ်သည်လေ သူ့ခါးကို ဖက်ပြီး ဗိုက်နားတွေ မျက်နှာ အပ်ကာ ရုပ်နဲ့ မလိုက် ချွဲနေလေရဲ့

" Babe ကလည်း ~~~မောင်က Babe ဆန္ဒအတိုင်း ဖြစ်ပေးနေတာကို "

" တော်စမ်းပါ ကျနော်က ဒီတိုင်းပြောတာကို အတည်ယူစရာလား "

" မသိဘူးဗျာ မင်းရဲ့ စကားလုံးတိုင်းက မောင့်အတွက်တော့ မဖြစ်မနေ လုပ်ရမဲ့ အမိန့်တခုလိုဘဲ မောင်က အမြဲတမ်း နာခံနေမှာ "

" အို  အို ... လုပ်ကြပါအုံး ငါ့နှလုံးသားတွေ ကြွေသွားလို့ "

သူ့ပေါင်ပေါ်မှာ အိပ်နေတဲ့ လူဆိုလေး ရှေ့ဆံပင်2မွှေးလောက်ကို ဆွဲပြီး ပြောလိုက်တာပါ

" မောင်ကောက်ထားလိုက်ပြီ Babe စိတ်ချ လက်ချ အပ်ထားလိုက်တော့ "

" အွန်း ငါ့နှလုံးသားကို စောင့်ရှောက်ပေးပါ မောင် "

သူ့စကားကြောင့် လူဆိုးကောင်ရဲ့ နှုတ်ခမ်းက စိတ်လ်ိုလက်ရ ပြုံးလာတယ် ။ သူအဲ့လို ပြုံးတာ တခါမှ မမြင်ဖူးဘူး ။ အမြဲတမ်း ရုပ်တည်တဲ့ ဒဏ်ရာနဲ့ .....

" ညနေမှ ပြန်နော် မောင်လိုက်ပို့ပေးမယ် "

" ဒီနေ့ အရေးကြီး အတန်းတက်စရာ ရှိတယ် "

" ဗျာ ... ဟုတ်လား"

တတိန်တိန် မြည်လာတဲ့ လူဆိုးကောင်ဘောင်းဘီအိတ်ထဲက ဖုန်းကြောင့် 2ယောက်လုံး စကားပြောနေတာ ရပ်လိုက်ပြီး လူဆိုးကောင်ကို ဖုန်းကိုင်ခိုင်းလိုက်သည် ။

" ဗျာ Mammy "

" မင်း ဘယ်မှာလဲ သား "

" သား Condo မှာ Mammy ဘာဖြစ်လို့လဲ "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Hikayelerin yaşadığı yer. Şimdi keşfedin