ep(27)

2.6K 155 1
                                    

🖤 CAN'T LOSE YOU 🖤





ep(27)






" အမေ နေကောင်းရဲ့လားဗျ "

" ကောင်းပါတယ် သားရယ် လာလေ အိမ်ထဲ၀င်လေ "

ရုံးဆင်းတော့ ရိပေါ်တယောက် အိမ်ကို တန်းမပြန်သေးဘဲ မုန့်နဲ့ ဆေး ၀ယ်ကာ ရှောင်းအိမ်တော် သွားခဲ့သည် ။ သူကားပေါ်က ဆင်းတဲ့ဆို ရှောင်းမားကလည်း ဖော်ရွေရွေဘဲ ထွက်ကြိုသည် သူတို့ဆက်ဆံရေးက တကယ်ကို အေးဆေးပါဘဲ ဒါမဲ့ စိတ်ထဲက ခံစားချက်တွေကတော့ သူဘယ်လို မြင်နိုင်မှာလဲ သူတို့ အားလုံးသိထားတဲ့ အကြောင်းအရာတခုက Xiao Somaya ကို သူသတ်သည်လို့ ထင်နေတာပါဘဲ ။ ရှောင်းမာ က အေးဆေးနေတတ်ပြီး ဆက်ဆံရေး ကောင်းသူ ပီပီ စကားကိုလည်း အေးဆေးပြောတတ်သည် ။ အမမီလည်း ထိုနည်း တူပါဘဲ အိမ်က တယောက်ဘဲ စကားအကောင်း ပြောလို့မရတာ

" မ၀င်တော့ပါဘူး အိမ်မှာ ကျန့်တယောက်ထဲ   ကျနော် အမေ့တွက် မုန့်နဲ့ ဆေး ၀င်ပေးတာပါ "

" မအားတဲ့ ကြားထဲ အလုပ်ရှုပ် ခံလို့သားရယ်   "

" ရပါတယ် အမေ ကိစ္စမရှိပါဘူး  ကျနော့်ကို ခွင့်ပြုပါအုံး "

" အေးကွယ် အမေ့သားလေးကိုလည်း ပြောပေးပါအုံး အမေက သတိရတယ်လို့  "

" ဟုတ်ဗျ ကျနော် ပြောလိုက်ပါမယ် "

ရိပေါ်က ရှောင်းမားကို အရိုသေပေးပြီး ကားမောင်းထွက်သွားလိုက်သည် ။ ကျန်ခဲ့တဲ့ ရှောင်းမားမှာတော့ သက်ပျင်း အသာချသည် ။ ဒီကလေး ဒီလောက် လိမ်မာတာ လူသတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား တခုခု မှားယွင်းနေတာ ဖြစ်မယ် ။ ရှောင်းမားက သူမ သမီးငယ်ကြောင်း တွေးရင်း မျက်ရည်တွေ ဝဲတက်လာရသည် ။ အရာရာ ထူးချွန်တယ် ထက်မြတ်တယ် သွက်လက်တယ် ပြီးတော့ အိမ်မှာဆို အမြဲတမ်းဘဲ လျှောက်နောက်နေတာ သူမ မောင်လေးမရှိရင် အမေကို ရန်စတတ်တဲ့ ဒီကလေးမ သူမ သေဆုံးပြီးကတည်းက ဒီအိမ်လေးလည်း တိတ်ဆိတ်သွားတာ မားရဲ့ သမီးလေး အချိန်မတန်သေးဘဲ လူ့လောက ကြီးထဲက ထွက်သွားရတယ် ကံတရားက အပြစ်ပေးတယ်လို့ဘဲ သတ်မှတ်ပြီး ဖြေသိမ့်နေရတယ် အဖြစ်ပျက်က မနေ့တနေ့က လိုဘဲ ။


🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }حيث تعيش القصص. اكتشف الآن