🖤 CAN'T LOSE YOU 🖤
ep(9)
"ဘာလို့ စိတ်ဆိုးနေတာလဲ "
သူ့လွယ်အိတ်ကြိုးကို ဖမ်းဆွဲထားတဲ့ လူဆိုးကောင်က ခုထိ မလွှတ်ပေးသေးတာမို့ ရှောင်ကျန့်တယောက် သက်ပျင်း အသာချကာ စကားစသည် ။
" အကို ခင်ဗျ လွှတ်နော် ကျနော် အတန်းတက်ရတော့မှာ မို့လို့ "
လွယ်အိတ်ကို ကိုင်ထားတဲ့ ရိပေါ် လက်အကြီးကြီးကို သူ့လက်လေးနဲ့ ဆွဲဖယ်လိုက်သည် ။ ရိပေါ် လက်က လွတ်သွားတော့ သူပြေးဖို့ ခြေလှမ်းတွေ ပြင်ခဲ့တယ် သို့ပေမဲ့ ...
" ဘယ်ပြေးမလို့လဲ ဟမ် "
" အကို ....."
နောက်ကြောဘက်ကနေ သူ့ကို သိုင်းဖက်ထားတဲ့ လူဆိုးကောင်က ဘာဖြစ်ချင်နေတာလဲ ။ သူ့ဟာမတွေ မြင်ကုန်မှဖြင့် ။
"'ညနေ ကျောင်းဆင်းရင် စောင့်နေ ကို လာခေါ်မယ်"
ပြောပြီးတဲ့ဆို သူ့အဖြေတောင်မစောင့်ဘဲ လူဆိုးကောင်က ထွက်သွားသည်လေ ။ ဘာလဲဟ
တုန်လွန်းနေတဲ့ ရင်ဘက်ကို အသာဖိရင်း အခန်းဆီ ပြေးခဲ့သည် ။
" ဘယ်သွားနေတာလဲ အပြင်သွားတာ အကြာကြီးဘဲ "
" ဟို ငါ ငါ စာကြည့်တိုက် သွားနေတာ "
Fanxing ရဲ့ အမေးစကားကို တုန်ယင်စွာ ပြန်ဖြေလာတဲ့ ရှောင်ကျန့်က လက်ကလည်း ဘယ်နှကြိမ်မြောက်မှန်းမသိ လွတ်လွတ်ကျသွားတဲ့ ခုံအောက်က ပစ္စည်းကို လှမ်းကောက်နေရသည် ။
" အော် ငါ့ကိုမခေါ်ဘူး အဖော်လိုက်ပေးမှာပေါ့ "
" ရပါတယ် ငါက ကြာမှာမို့လို့လေ အ့ကြောင့် မခေါ်တော့တာ အဟင်း "
" အေးပါကွာ နောက်ခါ ဘယ်သွားသွား ငါ့ကို့ခေါ်နော် ရှောင်ကျန့် "
":O Ok ..... "
______________________________
" ဒီည Bar လာမှာလား ရိပေါ် "
" မသိသေးဘူး ဟိုနေ့က ရန်ဖြစ်တဲ့ ကိစ္စကို Mammy က သိပ်အမြင်ကြည်သေးတာ မဟုတ်ဘူး "
ВЫ ЧИТАЕТЕ
🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Фанфик🖤ငါကဆိုးတယ် ဒါမဲ့ ငါလိုကောင်က မင်းကို နှလုံးသားနဲ့ ချစ်ခဲ့တာပါ ရှောင်ကျန့် 🖤