ep(23)

2.3K 157 0
                                    

🖤 CAN 'T LOSE YOU 🖤




ep(23)





" ငါက မင်းအခြေနေကို စောင့်ကြည့်အုံးမှာ ငါ့မောင်လေးတွက် မင်းက သင့်တော်တဲ့ လူလားဆိုတာ ''


" အတာတော့ မလိုဘူးထင်တယ် ဘာလို့လဲဆို မင်းသဘောတူတူ မတူတူ ရှောင်ကျန့်ကို ငါက ရအောင် ယူမှာမို့လို့ဘဲ "


အတူစီးလာတဲ့ ကားထဲမှာ စကားနိုင်လုနေတဲ့ လူ2ဦး တဦးက ၀မ်ရိပေါ် တဦးက Xiao Somaya .။ သူမက သိပ်အပြောကြီးလွန်းတယ် ရှောင်ကျန့်ကို သူနဲ့ မတန်ဘူးလို့ ဘာလို့ ထင်နေရတာလဲ ။ ပြီးတော့ သူမဆီက ကြားရတဲ့ အကြောင်းပြချက်က ရန်ဖြစ်တယ် Bar သွားတယ် အရက်သောက်တယ် ဒါတွေကတော့ ယောကျ်ားလေးတော်တော်များများလုပ်တဲ့ အရာတွေဘဲလေ တချို့မိန်းကလေးတွေတောင် လုပ်တဲ့ ကိစ္စကို သူမက ဘာတွေ အမြင်မကြည် ဖြစ်နေတာလဲ ။


"အပြောကြီးလှချည်လား ၀မ်ရိပေါ် မင်းသိလား ငါ့အိမ်က လူတိုင်းက ငါ့သဘောဘဲဆိုတာ သားငယ်လေးကို မင်းနဲ့ အဆက်ဖျက်ဖို့ ပြောလိုက်ရင် မင်းဘာဖြစ်သွားမလဲ "


"ဟား ဟား ခုက ဟာသ တခု ပြောလိုက်တာလား အွန်း နဲနဲတော့ ရီရပါတယ် ဒါမဲ့ ငါက ဟာသ တွေ သိပ်မကြိုက်ဘူးရယ် "


"၀မ်ရိပေါ် မင်း !!!! "

သူမက ဒေါသတကြီး အော်လာတာမို့ ၀မ်ရိပေါ်က လမ်းဘေးကို ကားထိုးရပ်လိုက်တယ် ။ ထိုနေရာက လူပြတ်တဲ့ နေရာတခု ဖြစ်ပြီး လမ်းမီးတိုင်တွေကလည်း မီးမလင်းပေ ။ သူမက သူ့အိတ်ထဲမှာ အမြဲစောင်ထားတတ်တဲ့ ဓားကို ထုတ်ကာ ၀မ်ရိပေါ်ကို ချိန်းခြောက်တယ် သူမက စိတ်တဇဖြစ်နေတဲ့ လူလိုဘဲ ချွေးတွေပါ ထွက်လာပြီး သူမရဲ့ စည်းထားတဲ့ ဆံပင်တွေကိုလည်း ဖွာချလိုက်တယ် ။ တကယ်ကို စိတ္တဇဝေသနာရှင် တယောက်လိုဘဲ သူမပုံစံက




"ငါ့မောင်လေး ငါ့မောင်လေးနဲ့ ဝေးဝေးနေပါ ငါ့မောင်လေးကို ငါဆီကနေ ခေါ်မသွားပါနဲ့ ငါ မင်းကို သတ်မှာ ငါ သတ်ပစ်မှာ ၀မ်ရိပေါ် !! "


သူမက အရူးတယောက်လို အော်ဟစ်ပြီး ၀မ်ရိပေါ်ကို ဓားနဲ့ ထိုးတယ် ။ သူမ ဘာဖြစ်နေတာလဲ ဆိုတာ ၀မ်ရိပေါ် တကယ် နားမလည်တော့ဘူး ၀မ်ရိပေါ် သူ့ကိုသူ ကာကွယ်ရင်း သူမဗိုက်ထဲကို မတော်တဆ ဓားထိုးစိုက်မိသွားတယ် ။ တခဏ အတွင်းမှာဘဲ သူမဟာ သွေးတွေ စီးကျလာပြီး သူမ အပြီးတိုင် အိပ်ပျော်သွားခဲ့တယ်


🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Donde viven las historias. Descúbrelo ahora